တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဂိဟိနိဝတ္ထံ နိဝါသေန္တိ – ဟတ္ထိသောဏ္ဍကံ, မစ္ဆဝါဠကံ, စတုကဏ္ဏကံ, တာလဝဏ္ဋကံ, သတဝလိကံ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – သေယျထာပိ ဂိဟီ ကာမဘောဂိနောတိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ ‘‘န, ဘိက္ခဝေ, ဂိဟိနိဝတ္ထံ နိဝါသေတဗ္ဗံ – ဟတ္ထိသောဏ္ဍကံ, မစ္ဆဝါဠကံ, စတုကဏ္ဏကံ, တာလဝဏ္ဋကံ, သတဝလိကံ။ ယော နိဝါသေယျ, အာပတ္တိ ဒုက္ကဋဿာ’’
စူဠဝါပါဠိတော် ( ၂၇၇ )
လူတို့၏ ဝတ်ခြင်းမျိုးတို့ကဲ့ ဝတ်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်ပါတယ် ။
ဒုက္ကဋ်အာပတ်က ဒေသနာကြားရင် ပျောက်ပါတယ် အမှုထားစရာမလိုပါဘူးလို့ မပြောသင့်ပါဘူး ။ မြတ်စွာဘုရား၏ ဝိနည်းသိက္ခာပုဒ်ဆိုသည်မှာ လိုအပ်သည်ကို သဗ္ဗညုတရွှေဉာဏ်တော်ဖြင့်သိ၍ ပညတ်ထားခြင်းဖြစ်တဲ့အတွက် သဒ္ဓါတရားဖြင့် ရိုသေလေးစားစွာ တတ်စွမ်းသမျှ လိုက်နာနိုင်သလောက် ကြိုးစားလိုက်နာရမှာဖြစ်ပါတယ် ။ မတတ်သာလို့ အပြစ်သင့်လာခဲ့မှသာ ဒေသနာကြားကုစား၍ ဖြေဖျောက်ခြင်းကို ပြုသင့်ပါတယ် ။ သိလျက်နဲ့ မလေးမစား ကျူးလွန်ပါက အလဇ္ဇီလက္ခဏာဖြစ်၍ ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ် နှိပ်ကွပ်ထိုက်သော ပုဂ္ဂိုလ် ဒကာ ဒကာမတို့ရဲ့ သဒ္ဓါတရားကို ဖျက်စီးသောပုဂ္ဂိုလ် အချည်းနှီးသောပုဂ္ဂိုလ် အဖြစ်ကိုရောက်ပါတယ် ။
နောက်ပြီး မြတ်ဘုရား သာသနာမှာ လိင်္ဂသာသနာဆိုတာ ရှိပါတယ် ၊ အသွင်အပြင်အားဖြင့် လူတွေနဲ့ တူနေရင် လိင်္ဂသာသနာကို ကွယ်အောင် ပြုရာရောက်ပါတယ် ။ ဒါကြောင့် လူနဲ့တူအောင် မဝတ်သင့်ပါဘူး ချမ်းအေး၍ဝတ်ချင်တယ်ဆိုတောင်မှ သင်္ကန်း၏အတွင်း၌ထား၍သာ ဝတ်သင့်ပါတယ် ။
No comments:
Post a Comment