ANP နဲ့ NLD ကြား ဖြစ်ပျက်နေတာတွေ ကြားနေရတာ စိတ်မကောင်းပါဘူး ....... ANP အနေနဲ့လည်း မိမိကံကြမ္မာမိမိဖန်တီးနိုင်စွမ်း Indeterminism အပြဌာန်းခံဝါဒကို အခြေအနေတစ်ခုအရ တောင်းဆိုလာတာကို ကိုရွှေဒီမိုတို့ အနေနဲ့လည်း အာဏာမက်တယ် အာဏာရူးတယ်လို့ ဝေဖန်မထုတ်ဖော်သင့်ဘူး ....... ပိုဆိုးလာဖို့ပဲရှိတယ်။
ဖြစ်နေတဲ့ ပြသာနာ ကိုယ့်အမြင်နဲ့ ပြောရရင် အချက်(၄)ချက်တွေ့တယ်....
(၁) ဆက်ဆံရေး ကျဲပါးမှု၊ ပြတ်တောက်မှု (Communication breakdown)
(၂) ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောထားမတိုက်ဆိုင်မှု (Personality clashes)
(၃) လုပ်ပိုင်ခွင့်အာဏာအပေါ်အသုံးချခြင်းနှင့် အခြေအနေအနေအထားတွေ ကွာခြားမှု (institutional Power & status differences)
(၄) ရည်မှန်းချက် ပန်းတိုင် မတူညီမှု (Goal differences) တို့ပဲဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကို ANP အနေနဲ့ ၀င်ပြိုင်ခဲ့တာကို NLD အနေနဲ့ သဘောကျပုံမရခဲ့သလို ၂၀၁၂ ရခိုင်ပဋိပက္ခမှာလည်း NLD နဲ့ ရခိုင်ပြည်နယ် အသိုင်းအ၀ိုင်းဟာ တစတစ ခွာပြဲလာတယ်လို့ထင်ရပါတယ် ဒါပေမဲ့ ဒါဟာ တစ်ဖက်နဲ့ တစ်ဖက် အားစမ်းတဲ့ အနေအထား Skirmishes အခြေအနေပဲရှိခဲ့ပါသေးတယ် .... ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က NLD နဲ့ ANP ပူးပေါင်းဆောင်ရွက်ကြတယ်လို့ ထင်ရတဲ့ အရိပ်အယောင်တွေတွေ့ခဲ့ရပြီး တိုင်းရင်းသားဒေသတွေအတွက် Indeterminism အပြဌာန်းခံဝါဒပေးမယ်ဆိုတဲ့ အယောင်ပြ သတင်းများစွာ ထွက်ပေါ်လာခဲ့တယ် ..... NLD အနေနဲ့ ဖြစ်ပျက်လာတဲ့ Issue အကုန်ကို ကတိတစ်ခုပေးပြီး မလုပ်နိုင်တာကိုတွေ့ရတယ် .... ဘာလို့လဲ တစ်ဘက်က ဘုံရန်သူ စစ်အစိုးရရဲ့ မလိမ့်တပတ် ကြံကုန် ဥာဏ်ကုန် ထုတ်သုံးပြီး တစ်မျိုးပြီး တစ်မျိုး တက်လာတဲ့ ခေါင်းစဉ်အောက်မှာ NLD အနေနဲ့ နောက်ယိုင်မသွားဖို့ နည်းလမ်းမျိုးစုံနဲ့ Defense လုပ်လာခဲ့ရတယ် .... ဘုံရန်သူကို ဦးတည်နေချိန်မှာ ဘက်စုံ ဟန်ချက်ညီဖို့ NLD မလုပ်နိုင်ခဲ့ဘူးဆိုတာ ၀န်ခံရမယ် KIA TNLA MNDAA ၂၀၁၂ ရခိုင် ပဋိပက္ခ စတာတွေကို ထိပ်တိုက်မတွေ့ခဲ့ပဲ ခေါင်းရှောင်နေသလို နေခဲ့တဲ့ ယနေ့ NLD ဟာ ယခုလို ANP နဲ့ ထိပ်တိုက်တွေ့ဆုံမှု အငြင်းပွားမှု Confrontation ဖြစ်လာတယ်ဆိုတာပဲ .... လက်ရှိ အနေအထားအရ NLD ဟာ တိုင်းရင်းသား ပါတီတွေနဲ့ Full Scale War မဖြစ်ဖို့ Third Party အဖွဲ့အစည်ုးတွေကို အားကိုးရမယ် တွေ့ဆုံရမယ် ညှိနှိုင်းရမယ် ဒါပေမဲ့ ဘာကြောင့် NLD ဟာ တရုတ်နဲ့ နီးကပ်နေတဲ့ အဖွဲ့အစည်းတွေကို လိုလိုလားလားဆက်ဆံချင်စိတ်ဘာကြောင့်မရှိတာလဲ.... ဘာကြောင့်လဲ.... ကိုရွှေဒီမိုတို့ရဲ့ လက်ကိုင်လက်နက်က တရုတ်ကို ဦးတည်ပြီး စစ်အစိုးရကို ဖြိုချင်တာ လူထု ထောက်ခံလာမှုတွေကို ပိုမို မျှော်လင့်တာကြောင့်ရယ်..... ဘာလုပ်သင့်လဲ ရခိုင်ကို ဖျောင်းဖြလို့ရမယ့် ရှမ်းမြောက်က KIA UWSA ခေါင်းဆောင်တွေရဲ့ အရှိန်အ၀ါကို သုံးပြီး ချွေးသိပ်ရမယ် ... တစ်ဖက်က SNLD ပါတီက ဦးခွန်ထွန်းဦး RCSS နဲ့ ရှမ်းအသိုင်းအ၀ိုင်းကို ဘယ်လို ချွေးသိပ်မလဲ၊ ရှမ်းနီနဲ့ KIA ကိစ္စကိုကော ခေါင်းထဲ ပြသာာနာထဲ NLD အနေနဲ့ ထည့်ခဲ့ဘူးလား........စတဲ့ မေးရမယ့် Question တွေအများကြီးဖြစ်ခဲ့တယ်........
NLD ရဲ့ အဓိက Goal က တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ အာဏာရအစိုးရအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းနိုင်ဖို့ Time to change vote ဖြင့်အောင်မြင်ခဲ့သော်လည်း...... အမှန်တစ်ကယ်ဖြစ်ရမှာက Flexible change ပြသာာနာပေါင်းစုံကို Issue လုပ် ခေါင်းတည် လက်တွဲခေါ်ရမယ့် NLD မျိုးဖြစ်ခဲ့ရင် လက်ကိုင်စကားဖြစ်တဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး Reconciliation ကို မလွဲမသွေ ဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်.......
ထင်တာမြင်တာ ရေးထားတာပါ။
Aik Sai
No comments:
Post a Comment