စောက်ချိုးမပြေတဲ့ NLD တွေဖတ်ဖို့
======================
ဘွရှင်
ANP ရဲ့ စတိတ်မန့်ထွက်လာတဲ့အခါ ရှေ့ဆုံးကကန့်ကွက်ခဲ့တဲ့ ရခိုင်လူမျိုးထဲမှာ ဘွရှင်ပါခဲ့တယ်။ ကန့်ကွက်ရတဲ့အကြောင်းရင်းက အပြုသဘောမပါပဲ ရာဇသံဆန်နေလို့။ တနည်းအားဖြင့် နိုင်ငံရေးအမြော်အမြင် နည်းပါးလွန်းတယ်လို့ ခံစားမိလို့ ကန့်ကွက်တာ။ ခြေဥမှာပြဌာန်းထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အနေအထားဟာ ပြည်ထောင်စုအစိုးရရဲ့ အခိုင်းခံအဆင့်သာဖြစ်တဲ့အတွက် အဲနေရာရဖို့အရေးကို အဲလိုမျိုး ပြင်းပြင်းထန်ထန် တောင်းဆိုစရာလိုသလားဆိုပြီး ထဝေဖန်ခဲ့တယ်။ တဖက်မှာလည်း ပါတီတွင်း နေရာလွန်ဆွဲမှုတွေကြောင့် ပြိုကွဲနေတဲ့အချိန်မှာ ဒီကြေငြာချက်ကြောင့် ပါတီတွင်းစည်းလုံးညီညွတ်မှုကို ပိုထိခိုက်လာနိုင်တယ် ယူဆမိလို့ ကန့်ကွက်ခဲ့တာဖြစ်တယ်။
ဒါပေမယ့် အာဏာရပါတီ NLD ဖက်က ဒီကိစ္စကို အလေးအနက်ထားပြီး ဆွေးနွေးလာလိမ့်မယ်၊ အဲလိုဆွေးနွေးခဲ့ရင် နှစ်ဦးနှစ်ဖက် မိတ်မပျက်ပဲ ရေရှည်လက်တွဲသွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိခဲ့တယ်။ အဲလိုမျှော်လင့်ရတာကလည်း ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်နိုင်ငံရေးထဲ အင်အားကြီးအတိုက်အခံပါတီ NLD ၀င်ရောက်လာဖို့ ကြားခံကူညီပေးခဲ့တာ ရခိုင်ပါတီဖြစ်တာကြောင့်ရယ်၊ လွှတ်တော်တွင်းရောက်တဲ့အခါ ကျမ်းကြိမ်ဖို့ကအစ ကြုံတွေ့ရတဲ့ အဖုအထစ်၊ အခက်အခဲတွေကို ချောချောမွေ့မွေ့ဖြစ်အောင် ကူညီပေးခဲ့ဖူးတာရယ်၊ နောက် ဖွဲ့စည်းပုံထဲက ပုဒ်မတွေပြင်ဆင်ရေးမှာ NLD အမတ် လက်တစ်ဆုပ်စာနဲ့ ရခိုင်အမတ်လက်တစ်ဆုပ်စာတို့ဟာ ကျောချင်းကပ်ပြီး အင်အားကြီး ကြံ့ခိုင်ရေးနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို အတူတကွ အံတုခဲ့ကြဖူးတာရယ်ကြောင့် မဟာမိတ်စိတ်ဓာတ်ရှိနေလောက်သေးတယ်လို့ ယူဆမိတဲ့အတွက် မျှော်လင့်ခဲ့မိတယ်။
ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားတဲ့အခါတုန်းက ပါတီနှစ်ခုစလုံးဟာ ပုဒ်မ၄၃၆လိုမျိုး တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေကို ပြင်ဖို့ တက်ညီလက်ညီ ကြိုးစားခဲ့ကြတယ်။ NLD အမတ် ဒေါက်တာမြတ်ဥာဏစိုးရဲ့ နယ်စပ်လုံခြုံရေးအဆိုကို ရခိုင်အမတ်တွေ လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ကြသလို ရခိုင်ပြည်သူတွေကပါ လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြတယ်။ ပုဒ်မ ၅၉(စ)လိုမျိုး NLD နဲ့သာ သက်ဆိုင်တဲ့ ပုဒ်မမျိုးကို ပြင်ဖို့ကြိုးစားတဲ့အခါ NLD အမတ်တွေရဲ့နောက်မှာ ရခိုင်အမတ်တွေ ထောက်ခံပေးခဲ့ကြတယ်။ တိုင်းရင်းသားပါတီတွေ အဓိကလိုလားတဲ့ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေး ပုဒ်မ ၂၆၁ တို့လို ပုဒ်မတွေကို ပြင်ဆင်ဖို့ကြိုးစားတဲ့အခါလည်း NLD ပါတီဝင်တွေ တိုင်းရင်းသားအမတ်တွေနဲ့အတူ ရပ်ခဲ့ကြတယ်။ NLD ရဲ့ အိမ်နိမ့်စံဘ၀မှာ တိုင်းရင်းသားတွေနဲ့ တပြေးညီရှိခဲ့လို့ အချင်းချင်း ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်လိမ့်မယ်လို့ ထင်ခဲ့မိတယ်။
ဒါပေမယ့် NLD ဖက်က ANP ရဲ့ တောင်းဆိုချက်ကို လျှစ်လျှူရှုခဲ့တယ်။ အကြောင်းပြချက်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီလို့တဲ့။ ဖွဲ့စည်းပုံထဲမှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံပါသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဘယ်သူ့ကိုမဆို ခန့်ခွင့်ရှိတာကို NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ မသိချင်ယောင်ဆောင်ပြီး ငြင်းတဲ့စကား။ အစောပိုင်းတုန်းကတော့ ANP ရဲ့ ပြင်းပြင်းထန်ထန် တောင်းဆိုချက်ကို တော်တော်အမြင်ကပ်ခဲ့မိတယ်။ ဒါပေမယ့် NLD ရဲ့ တုန့်ပြန်ပုံကို မြင်လိုက်ရတဲ့အခါ ANP ပါတီ ရွေးကောက်ပွဲဝင်ရတဲ့ ရည်မှန်းချက်ကို ပြန်စဉ်းစားမိလာတယ်။ ရခိုင်မဲဆန္ဒရှင် ၆၂%ကျော် ANP ကို မဲပေးတာ ဘာအတွက်လဲ။ ANP ပါတီ ပြည်ထောင်စုအစိုးရဖွဲ့နိုင်ရေးအတွက်လား။ မဟုတ်ဘူး။ ရခိုင်ပြည်နယ်အစိုးရကို ANP ကဖွဲ့နိုင်ဖို့ ရည်မှန်းချက်နဲ့ ဒီပြည်သူတွေ မဲပေးခဲ့ကြတာ။ ပြည်သူတွေမဲပေးတဲ့ ရည်မှန်းချက်ဟာ ANP ပါတီတွင်း ပြိုကွဲမှုတွေနဲ့ ဘာမှမဆိုင်ဘူး။ အဲတော့ ဒီပြည်သူတွေပေးတဲ့မဲနဲ့ အမတ်ဖြစ်လာတဲ့ ANP ပါတီဝင်တွေဟာ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရမယ့် တာဝန်ရှိတယ်။ ရခိုင်မဲဆန္ဒရှင် ၆၂%ဟာ NLD ကခန့်မယ့် ၀န်ကြီးချုပ်နဲ့သူဖွဲ့မယ့် အစိုးရကို လိုချင်လို့ မဲပေးခဲ့တာမဟုတ်ဘူး။ အဲဒီတော့ တချိန်ကအတူတူပြင်ဖို့ကြိုးစားဖူးတဲ့ ပုဒ်မကို အပိုင်ကိုင်ပြီး ငြင်းလိမ့်မယ်လို့ မထင်တဲ့အတွက် ANP က တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ငြင်းခံရတယ်။ ငြင်းတဲ့အပြင်ကို အဖက်လုပ်ပြီး ဆွေးနွေးဖို့တောင် စိတ်မ၀င်စားတာ ခံခဲ့ရတယ်။
အစိုးရအဖွဲ့ဝင်နာမည်စာရင်း ထွက်ခါနီးမှာ NLD စီအီးစီ ဦးဝင်းထိန်က လွှတ်တော်ထဲက ANP ပါတီအမတ်တွေကို ဆွေးနွေးဖို့ဖိတ်တယ်။ ဖိတ်တဲ့စာထဲမှာ ဒေါ်ခင်စောဝေတို့ပါတီက အမတ်တွေနဲ့ ဦးအေးသာအောင်တို့ ပါတီက အမတ်တွေလို့ ခွဲရေးထားတယ်။ တနည်းအားဖြင့် ယခင်ပါတီဟောင်းတွေဖြစ်တဲ့ RNDP နဲ့ ALD ကို ခွဲရေးပြီး ဖိတ်တာ။ ဒီအမတ်တွေအကုန်လုံးဟာ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ ပါတီနှစ်ခုပေါင်းစည်းပြီး ANP ပါတီတစ်ခုတည်းအနေနဲ့ ရွေးကောက်ပွဲဝင်ပြီး အမတ်ဖြစ်လာတဲ့လူတွေ။ ANP ပါတီတွင်းက RNDP နဲ့ ALD ကြား အားပြိုင်မှုတွေနဲ့ NLD အနေနဲ့ ဘာမှစွက်ဖက်စရာအကြောင်းမရှိဘူး။ အဲလိုဖိတ်လာတဲ့ ပုဂ္ဂိုလ်ရဲ့ အတွင်းစိတ်ဓာတ် ဘယ်လောက်ထိညစ်ပတ်သလဲ၊ ဘယ်လောက် လူကြီးလူကောင်းမဆန်သလဲဆိုတာ သိသာတယ်။ အဖြူတွေရဲ့ ဓလေ့ထုံးစံတစ်ခုနဲ့ ဥပမာပေးရရင် ရန်ဖြစ်ထားတဲ့ လင်မယားကို သူတို့ရန်ဖြစ်ထားမှန်းသိတဲ့ အိမ်နီးချင်းယောင်္ကျားတစ်ယောက်က ညစာဖိတ်ကျွေးတဲ့အခါ ဖိတ်စာမှာ မယားဖြစ်သူရဲ့ အပျိုဘ၀ကနာမည်ကိုသုံးပြီး ခွဲဖိတ်သလိုမျိုး။ အဲဒီဖိတ်တဲ့လူရဲ့ စိတ်ဓာတ်က ဘယ်လိုအစားမျိုးဖြစ်မလဲ။ ဦးဝင်းထိန်ရဲ့ ဖိတ်စာကလည်း အဲလိုကြာကူလီဖိတ်စာမျိုးပဲ။
အဲဒီဆွေးနွေးပွဲက မျှော်လင့်ထားသလိုမျိုး NLD ဖက်က အပြုသဘောဆန်တဲ့အနေအထားကို ပြသခဲ့တာမရှိခဲ့ဘူး။ သူတို့ဘာဆက်လုပ်မယ်ဆိုတာလောက်ကို ခေါ်ပြောတဲ့သဘောလို့ပဲ အကြမ်းဖျဉ်းနားလည်မိတယ်။ ထပ်ဆွေးနွေးမယ်လို့ သဘောတူခဲ့ကြပေမယ့် အစိုးရသစ်ကျမ်းကြိမ်ဖို့ ဖင်နားကပ်တဲ့အထိ ဘာသံမှထပ်မကြားရသေးဘူး။
ပြည်နယ်လွှတ်တော်မှာ ANP အမတ်တွေ သပိတ်မှောက်ပြီး ထထွက်တော့ NLD ဘက်တော်သားတွေဆီက လူမျိုးရေးတိုက်ခိုက်တဲ့စာတွေ ဆက်တိုက်တင်လာကြတယ်။ သမ္မတလုပ်နိုင်တဲ့ အရည်အချင်း တင်းပြည့်ကျပ်ပြည့်ရှိပေမယ့် ဖွဲ့စည်းပုံနဲ့မညီလို့ဆိုပြီး ဒေါ်စုကိုငြင်းခံရတဲ့အခါ NLD ထောက်ခံသူတွေ ဘယ်လိုခံစားခဲ့ရလဲ။ ခု ရခိုင်မှာ ဆန္ဒမဲအများဆုံးရခဲ့တဲ့ ANP ပါတီက ပြည်နယ်အစိုးရဖွဲ့ရေးမှာ ဖွဲ့စည်းပုံနဲ့ကိုင်ပေါက်ပြီး ငြင်းခံရတာ ရခိုင်တွေစိတ်ထဲ ဘယ်လိုခံစားရမလဲ။ ကိုယ်ချင်းစာတတ်ရဲ့လား။ ၂၀၁၀တုန်းက RNDP အများဆုံးနိုင်ခဲ့တယ်ဆိုပေမယ့် ကြံ့ခိုင်ရေးနဲ့ အရေအတွက်သိပ်မကွာတော့ ဟိုဖက်ကစစ်သား ၂၅%နဲ့ပေါင်းရင် လွှတ်တော်မှာ အလိုအလျောက် အသာစီးရသွားတယ်။ အဲတုန်းက ၀န်ကြီးချုပ်နေရာကို ရခိုင်ပါတီမတောင်းဆိုခဲ့ဘူး။ အဲတုန်းကကျတော့ မတောင်းရဲပဲ ခုကျမှလာတောင်းရသလားဆိုပြီး အာချောင်နေတဲ့ ကောင်တွေရှိသေးတယ်။ အဲတုန်းက မတောင်းခဲ့တာ ရှင်းရှင်းလေး။ ရခိုင်လူထုနဲ့စစ်အာဏာရှင်တွေကြားမှာ တရားခံမဖြစ်ချင်လို့။ ဘင်္ဂလီမဲတွေနဲ့ နိုင်လာတဲ့ ဦးသိန်းစိန်အစိုးရနဲ့ လက်မတွဲချင်လို့။ ခု လက်တွဲချင်လို့ NLD ဆီမှာ တောင်းဆိုတာ။ အ၀င်အထွက်ပုံမလာတာ တချက်ပဲ ပြောစရာရှိတယ်။
နိုင်ငံရေးပါတီအချင်းချင်း၊ တချိန်က မဟာမိတ်အချင်းချင်းတောင် စားပွဲဝိုင်းထိုင် မဆွေးနွေးနိုင်လောက်အောင် မာန်တက်နေရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဘယ်လိုသွားဆွေးနွေးမလဲ။ တပ်မတော်က NLD ရဲ့ နိုင်ငံရေးပြိုင်ဖက်နေရာမှာ ရှိနေတုန်းပဲ။ ဦးသိန်းစိန်အစိုးရလို စစ်တပ်အားကိုးနဲ့ သူပုန်တွေကို ဖြဲလို့မရဘူး။ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ပြီး ဆွေးနွေးယူရမှာ။ ခုလိုအချိုးမျိုးနဲ့ ဘယ်သူကယုံကြည်ချင်တော့မှာလဲ။
ခုဖြစ်နေတဲ့ပြဿနာကို ဒေါက်တာအေးမောင်ကိုပဲ မဲနေကြတာတွေ့တယ်။ အဲဒါဆို မေးမယ်။ ဦးအေးသာအောင်ကရော ရခိုင်ပါတီကနေ ရခိုင်ဝန်ကြီးချုပ်ခန့်ပေးစေချင်တယ်လို့ မပြောခဲ့ဘူးလား။ လွှတ်တော်မှာ ထထွက်သွားတဲ့ လုပ်ရပ်ကို မကြိုက်ပဲ နေကောင်းနေလိမ့်မယ်။ ရခိုင့်ခေါင်းဆောင်ဖြစ်တဲ့ ဦးအေးသာအောင် ရခိုင်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ပြောမှာသေချာတယ်။ တလောက ထုတ်ခံရတဲ့ စီအီးစီငါးယောက်ကို မေးကြည့်။ ရခိုင်ပါတီက ရခိုင်ဝန်ကြီးချုပ်ခန့်စေချင်ပါတယ်ပဲ ပြောမှာ။ ဦးညီပုကို ခန့်တာ ကန့်ကွက်လို့ ဦးညီပုက ရခိုင်မဟုတ်ဘူးလား ဘာညာပြောကြတယ်။ ခုကန့်ကွက်တာ ဦးညီပုနဲ့ ပုဂ္ဂိုလ်ရေးရာ ဘာမှမပတ်သက်ဘူး။ အာဏာမောင်ပိုင်စီးခံရတာကို မကျေနပ်လို့ ကန့်ကွက်တာ။ ဘယ်သူမဆို ဖိခံရရင် ရုန်းတတ်တာ သဘာဝပဲ။ အရင်အစိုးရ အဆက်ဆက်လက်ထက်ကလည်း ရခိုင်တွေရုန်းခဲ့ကြတာပဲ။ ဦးအေးသာအောင်တို့၊ ဦးခိုင်ပြည်စိုးတို့ဆို ထောင်ထဲက မသေလို့ ပြန်ထွက်လာတဲ့လူတွေ။ ငါ့လက်ထက်ကျမှ ရုန်းတယ်လို့ မထင်နဲ့။ စစ်အာဏာရှင်စနစ် အမြစ်မပြတ်သေးဘူးဆိုပဲ။ ဒီနေရာရောက်အောင် အတူလက်တွဲတိုက်လာပြီးတော့မှ ထိုင်ခုံလည်းရရော၊ ငါ့ဘာသာပဲတိုက်တော့မယ်ဆိုတာမျိုးက ခလေးအထာတွေ။ အရေးမပါတဲ့နေရာတွေမှာ တိုင်းရင်းသားပါတီတွေဖက်က တယောက်စနှစ်ယောက်စ ကောက်ထည့်ပြရုံနဲ့ ပြည်ထောင်စုစိတ်ဓာတ် စောက်ရမ်းရှိတဲ့ ပါတီကြီး ဖြစ်သွားရောလား။ ပြောကြည့်စမ်းပါ။
ရခိုင်အတွက် ANP၊ ပြည်ထောင်စုအတွက် NLD ဆိုပြီး အားပေးခဲ့မိတဲ့ ရခိုင်တွေခမျာ ကျောချမှ ဓားမြမှန်းသိရတော့တယ်။ NLD ဖက်က ကာပေးခဲ့သမျှ လူမျိုးရေးအစွန်းရောက် ရခိုင်တွေဆီမှာ စောက်ပြောခံနေရပြီ။ လူမျိုးရေးမုန်းတီးမှုဆိုတာ နိုင်ငံရေးမှာတန်းတူညီမျှမရှိလို့ ပေါ်လာတာ။ အရင်စစ်အစိုးရလက်ထက်ကကျတော့ မကျေနပ်ရင် တိုက်ယူတဲ့။ ခုတစ်ခါလာပြန်ပြီ။ မကျေနပ်ရင် ဖွဲ့စည်းပုံပြင်တဲ့။ တိုင်းရင်းသားအမတ် လက်တဆုပ်စာ ချောင်ကပ်ထိုင်နေရတဲ့ လွှတ်တော်ကြီးမှာ နေရာအများဆုံးရထားတဲ့ ပါတီကမပြင်ပေးရင် ဘယ်ကောင်မှပြင်လို့မရဘူး။ ပြင်ပေးချင်စိတ် ရှိမရှိက ခုလုပ်ရပ်ကြည့်ကတည်းက ပေါ်နေပြီ။ ဖဆပလတုန်းက အဲစောက်ကျင့်တွေကြောင့် တိုင်းပြည်မြောင်းထဲ ရောက်သွားတာ။ ပြောရင်လည်း သူတို့ထက်အပြင် နာတတ်တာမရှိဘူး။ စောက်ကျင့်ပြင်ဖို့ကျတော့ ရွှေထုတ်ပဲပျောက်သလိုလို၊ အတိတ်ပဲမေ့သလိုလို၊ ထွီ!!
No comments:
Post a Comment