Thursday, April 28, 2016

ဗိုင်းရပ်စ်

ကိုယ်သုံးနေတဲ့ Facebook အကောင့်မှာ
Sex Virus ဝင်ရောက်ကူးစက်ခံရပါက
-------

-Facebookအသုံးပြုတဲ့တချို့user account
တွေမှာဆိုရင် Porn virus ကူးစက်ခံရပြီးတော့
sexy postတွေအဖြစ်နဲ့အဲ့ဒိအကောင့်န်ဟာမိမိရဲ့
friendsတွေ၊မိမိဝင်ထားတဲ့groupတွေထဲကို
pornographic video ဖိုင်တွေအဖြစ်၊
အဲ့ဒိvirusအဖြစ်နဲ့ဖန်တီးထားတဲ့videoဖိုင်တွေဟာ
virus automatically attache ဖြစ်ကာ၊မိမိ
မတင်ပဲနဲ့အလိုအလျောက်sharedမိခြင်း၊status
ပို့စ်တင်မိခြင်း၊မိမိဝင်ထားတဲ့groupတွေpageတွေ
ရဲ့commentတွေထဲမှာလည်းဝင်၍shareမိခြင်း၊
များစတာတွေဖြစ်ပေါ်စေပြီး circulating ပုံစံနဲ့
အဲ့ဒိ pornographic videoဖိုင်တွေဟာ
အဆင့်ဆင့်ပျံ့နှံ့သွားစေနိုင်ပါတယ်-

-အဲ့ဒိလိုမျိုးvirusအကူးစက်မခံရစေဖို့အတွက်
facebookအသုံးပြုသူဟာfbပေါ်မှာတွေ့တဲ့
sexy videoများ၊မသင်္ကာဖွယ်ရာလို့ယူဆရတဲ့
လင့်ခ်နဲ့ပုံများ၊applicationများ၊ဥပမာ-
" 'watch this video if you're curious'
မင်းထူးဆန်းတာတွေ့ချင်ရင်ဒီဗွီဒီယိုကိုကြည့်ပါ
ဒီလင့်ခ်ကိုနှိပ်ပြီးsingupလုပ်ရင်likeအများကြီး
ရမယ်၊အထူးအဆန်းတွေ့မယ်၊ဘာရမယ်ညာရမယ်
စသဖြင့်၊မက်လုံးပေးတဲ့စာနဲ့အတူvideo၊photo၊
apk၊files၊fake websiteများ၊စတဲ့ကိုယ်နဲ့
ရင်းနှီးအကျွမ်းတဝင်မရှိတဲ့လင့်ခ်များကိုနှိပ်မဝင်မိ
စေဖို့နဲ့လင့်ခ်ရဲ့URL infoတွေကိုလည်း
သတိထားဂရုပြုရမှာဖြစ်ပါတယ်-

-တကယ်လို့virusမိထားလို့မိမိအကောင့်န်ကို
infected ဖြစ်နေခဲ့ရင်အောက်ကအဆင့်အတိုင်း
ပြုလုပ်ဆောင်ရွက်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်-

၁။မိမိfbအကောင့်န်ကိုloginဝင်၍news feeds
ရောက်ရင်အပေါ်ကမျဉ်းသုံးကြောင်းပုံနဲ့menu tab
နေရာကိုနှိပ်ပါ။

၂။Acconut Settingsနေရာကိုနှိပ်ဝင်လိုက်ပါ။

၃။Privacy ထဲကိုထပ်နှိပ်ဝင်ပါ။

၎။ပြီးရင်အောက်ဆုံးကစာကြောင်းဖြစ်တဲ့
Do you want other search engines to
link to your timeline?
ဆိုတဲ့စာကြောင်းပါတဲ့boxအကွက်နေရာလေးကို
နှိပ်ဝင်လိုက်ပါ။

၅။ပြီးရင်နောက်တမျက်နှာမှာအောက်ဆုံးနားက
Let other search engines link to
your timeline စာသားဘေးနားကအမှန်ခြစ်ကို
နှိပ်ပြီး၊ဖြုတ်လိုက်ပါ။

၆။နောက်တမျက်ရောက်ရင်
Are you sure you want to disable
public search စာသားအောက်မှာတွေ့တဲ့
အပြာရောင်buttonနဲ့Confirmစာသားနေရာ
ကိုထပ်နှိပ်ပေးလိုက်ပါ။ပြီးရင်backတချက်ပြန်
ဆုတ်လိုက်ပါ။

၇။Do you want other search engines to
link to your timeline? ဆိုတဲ့နေရာမှာ
No ဆိုပြီးတော့ဖြစ်နေရပါမယ်။backပြန်ထွက်ပါ။

၈။Account Settings နေရာကိုတခါထပ်ဝင်ပါ။

၉။နောက်တမျက်နှာရောက်ရင်ကိုးခုမြောက်နေရာက
Apps နေရာကိုနှိပ်ပြီးဝင်လိုက်ပါ။

၁၀။အပေါ်ဆုံးကLogged in with Facebook
ဆိုတဲ့နေရာကိုနှိပ်ဝင်လိုက်ပါ။

၁၁။အဲ့ဒိမှာကိုယ်အသုံးမပြုတဲ့၊ကိုယ်နဲ့မရင်းနှီးတဲ့၊
မသင်္ကာဖွယ်ရာယူဆရတဲ့apkများကိုဖျက်ထုတ်ပါ။
ကိုယ်ဖျက်ထုတ်မယ့်apkကိုရွေးနှိပ်လိုက်ပါ။

၁၂။အောက်ဆုံးကRemove appနေရာကိုနှိပ်ပါ။

၁၃။Removeနေရာကိုထပ်နှိပ်ပေးလိုက်ပါ။ပြီးရင်
အခြားကိုယ်မသုံးတဲ့၊ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့
appများကိုလည်း၊ထိုနည်းအတိုင်းremoveလုပ်၍
ဖယ်ရှားပစ်ပါ။

၁၄။မိမိအကောင့်န်ကနေတဆင့်အလိုအလျောက်
auto spamပုံစံဖြစ်ပြီးstatusတင်မိတာ၊tag
တွဲမိတာ၊groupတွေpageတွေမှာpostတင်၊
commentရေးမိတာမျိုးတွေ၊
virus automatically attacheဖြစ်နေတာမျိုး
တွေရှိ/မရှိ၊ဖြစ်မဖြစ်၊ပြန်လည်စိစစ်ဖို့အတွက်

-Activity Log စာသားနေရာကိုနှိပ်ဝင်ပါ။

၁၅။အဲ့ဒိactivity logနေရာမှာမိမိပြုလုပ်ခဲ့တဲ့
postတွေ၊tagတွေ၊commentတွေshare၊
like စတာတွေတွေ့မြင်ရပါမယ်။
အပေါ်ကfilter နေရာကိုနှိပ်ပြီးတော့လည်း
ကဏ္ဍတစ်ခုခြင်းစီအလိုက် post၊photo၊tag၊
group၊comment၊စသဖြင့်ကဏ္ဍအလိုက်
သီးသန့်ခွဲထုတ်၍ကဏ္ဍတစ်ခုခြင်းစီမှာတွေ့ရတဲ့
sexy virusနဲ့ပက်သက်တဲ့လင့်ခ်တွေ၊postတွေ၊
commentတွေ၊tagတွေကိုdeleteလုပ်၍
ဖျက်ထုတ်ပေးပါ။ဒါဆိုfacebook virusကူးစက်ခံရ
ခြင်းမှလွတ်မြောက်နိုင်ပြီလို့ယူဆရမှာပဲဖြစ်ပါတယ်။

-တကယ်လို့မိမိဟာvirusလင့်ခ်တစ်ခုခုကိုနှိပ်မိ၍
ဖန်တီးထားတဲ့fake websiteတစ်ခုခုထဲသို့ဝင်
ရောက်မိပြီး၊သူတို့fakeလုပ်ထားတဲ့web page
မှာfbအကောင့်န်ကိုloginဝင်ခဲ့မိလို့မိမိအကောင့်န်
လုံခြုံရေးအတွက်သံသယတစ်စုံတရာရှိခဲ့ပါက..........

-မိမိfacebook passwordကိုချိန်းလိုက်ပါ။

-ပြီးရင်facebookလုပ်ထားတဲ့gmailကိုပြန်ချိန်းပါ။

-facebookလုပ်တဲ့gmailကိုဖုန်းနံပါတ်ထား၍
အနည်းဆုံး2stepခံထားပေးပါ။

-fb infoထဲဝင်၍fbလုပ်ထားတဲ့mailကိုhideလုပ်ပါ။

-facebookကိုဖုန်းနံပါတ်ခံ၍loggin approvals
codesခံထားပေးပြီးonထားလိုက်ပါ။
fbအကောင့်န်ကိုloginဝင်တိုင်းfbကsmsကို
loggin approvals codeကုဒ်ပို့ပေးမယ့်စနစ်
ဖြစ်ပါတယ်။(Account Settingsထဲဝင်၊Security
ထဲဝင်၍၊Logging Approvals Onနေရာအမှတ်
ခြစ်၍လက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ခံကာOnပေးထား
ရမှာဖြစ်ပါတယ်။)

-ပြီးတော့ 3 trusted friendsနည်းကိုသုံးပြီး
မိမိရဲ့အရင်းနှီးဆုံး၊onlineပေါ်မှာအရှိနိုင်ဆုံး
သူငယ်ချင်းfriendsသုံးယောက်ကိုinviteလုပ်ထား
သင့်ပါတယ်။(မိမိအကောင့်န်hackedခံရပါက
၎င်းသူငယ်ချင်းသုံးယောက်နာမည်ကိုရွေးပေးခြင်း
ဖြင့်fbမှပို့တဲ့confirm codeကို၊friendsသုံးယောက်ဆီမှပြန်လည်တောင်းယူပြီးမိမိအကောင့်န်
ကိုconfirmလုပ်၍ပြန်လည်logginဝင်ရောက်
အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကိုဇော်သွင်(နည်းပညာ)

Friday, April 15, 2016

Aik Sai ရဲ့ ဆန်းစစ်မှု...

ANP နဲ့ NLD ကြား ဖြစ်ပျက်နေတာတွေ ကြားနေရတာ စိတ်မကောင်းပါဘူး ....... ANP အနေနဲ့လည်း မိမိကံကြမ္မာမိမိဖန်တီးနိုင်စွမ်း Indeterminism အပြဌာန်းခံဝါဒကို အခြေအနေတစ်ခုအရ တောင်းဆိုလာတာကို ကိုရွှေဒီမိုတို့ အနေနဲ့လည်း အာဏာမက်တယ် အာဏာရူးတယ်လို့ ဝေဖန်မထုတ်ဖော်သင့်ဘူး ....... ပိုဆိုးလာဖို့ပဲရှိတယ်။

ဖြစ်နေတဲ့ ပြသာနာ ကိုယ့်အမြင်နဲ့ ပြောရရင် အချက်(၄)ချက်တွေ့တယ်....
(၁) ဆက်ဆံရေး ကျဲပါးမှု၊ ပြတ်တောက်မှု (Communication breakdown) 
(၂) ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောထားမတိုက်ဆိုင်မှု (Personality clashes)
(၃)  လုပ်ပိုင်ခွင့်အာဏာအပေါ်အသုံးချခြင်းနှင့် အခြေအနေအနေအထားတွေ ကွာခြားမှု (institutional Power & status differences)
(၄) ရည်မှန်းချက် ပန်းတိုင် မတူညီမှု (Goal differences) တို့ပဲဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ANP အနေနဲ့ ၀င်ပြိုင်ခဲ့တာကို NLD အနေနဲ့ သဘောကျပုံမရခဲ့သလို ၂၀၁၂ ရခိုင်ပဋိပက္ခမှာလည်း NLD နဲ့ ရခိုင်ပြည်နယ် အသိုင်းအ၀ိုင်းဟာ တစတစ ခွာပြဲလာတယ်လို့ထင်ရပါတယ် ဒါပေမဲ့ ဒါဟာ တစ်ဖက်နဲ့ တစ်ဖက် အားစမ်းတဲ့ အနေအထား Skirmishes အခြေအနေပဲရှိခဲ့ပါသေးတယ် .... ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က NLD နဲ့ ANP ပူးပေါင်းဆောင်ရွက်ကြတယ်လို့ ထင်ရတဲ့ အရိပ်အယောင်တွေတွေ့ခဲ့ရပြီး တိုင်းရင်းသားဒေသတွေအတွက် Indeterminism အပြဌာန်းခံဝါဒပေးမယ်ဆိုတဲ့ အယောင်ပြ သတင်းများစွာ ထွက်ပေါ်လာခဲ့တယ် ..... NLD အနေနဲ့ ဖြစ်ပျက်လာတဲ့ Issue အကုန်ကို ကတိတစ်ခုပေးပြီး မလုပ်နိုင်တာကိုတွေ့ရတယ် .... ဘာလို့လဲ တစ်ဘက်က ဘုံရန်သူ စစ်အစိုးရရဲ့ မလိမ့်တပတ် ကြံကုန် ဥာဏ်ကုန် ထုတ်သုံးပြီး တစ်မျိုးပြီး တစ်မျိုး တက်လာတဲ့ ခေါင်းစဉ်အောက်မှာ NLD အနေနဲ့ နောက်ယိုင်မသွားဖို့ နည်းလမ်းမျိုးစုံနဲ့ Defense လုပ်လာခဲ့ရတယ် .... ဘုံရန်သူကို ဦးတည်နေချိန်မှာ ဘက်စုံ ဟန်ချက်ညီဖို့ NLD မလုပ်နိုင်ခဲ့ဘူးဆိုတာ ၀န်ခံရမယ် KIA TNLA MNDAA ၂၀၁၂ ရခိုင် ပဋိပက္ခ စတာတွေကို ထိပ်တိုက်မတွေ့ခဲ့ပဲ ခေါင်းရှောင်နေသလို နေခဲ့တဲ့ ယနေ့ NLD ဟာ ယခုလို ANP နဲ့ ထိပ်တိုက်တွေ့ဆုံမှု အငြင်းပွားမှု Confrontation ဖြစ်လာတယ်ဆိုတာပဲ .... လက်ရှိ အနေအထားအရ NLD ဟာ တိုင်းရင်းသား ပါတီတွေနဲ့ Full Scale War မဖြစ်ဖို့ Third Party အဖွဲ့အစည်ုးတွေကို အားကိုးရမယ် တွေ့ဆုံရမယ် ညှိနှိုင်းရမယ် ဒါပေမဲ့ ဘာကြောင့် NLD ဟာ တရုတ်နဲ့ နီးကပ်နေတဲ့ အဖွဲ့အစည်းတွေကို လိုလိုလားလားဆက်ဆံချင်စိတ်ဘာကြောင့်မရှိတာလဲ.... ဘာကြောင့်လဲ.... ကိုရွှေဒီမိုတို့ရဲ့ လက်ကိုင်လက်နက်က တရုတ်ကို ဦးတည်ပြီး စစ်အစိုးရကို ဖြိုချင်တာ လူထု ထောက်ခံလာမှုတွေကို ပိုမို မျှော်လင့်တာကြောင့်ရယ်..... ဘာလုပ်သင့်လဲ ရခိုင်ကို ဖျောင်းဖြလို့ရမယ့် ရှမ်းမြောက်က  KIA UWSA ခေါင်းဆောင်တွေရဲ့ အရှိန်အ၀ါကို သုံးပြီး ချွေးသိပ်ရမယ် ... တစ်ဖက်က SNLD ပါတီက ဦးခွန်ထွန်းဦး RCSS နဲ့ ရှမ်းအသိုင်းအ၀ိုင်းကို ဘယ်လို ချွေးသိပ်မလဲ၊ ရှမ်းနီနဲ့ KIA ကိစ္စကိုကော ခေါင်းထဲ ပြသာာနာထဲ NLD အနေနဲ့ ထည့်ခဲ့ဘူးလား........စတဲ့ မေးရမယ့် Question တွေအများကြီးဖြစ်ခဲ့တယ်........ 

NLD ရဲ့ အဓိက Goal က တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ အာဏာရအစိုးရအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းနိုင်ဖို့ Time to change vote ဖြင့်အောင်မြင်ခဲ့သော်လည်း...... အမှန်တစ်ကယ်ဖြစ်ရမှာက Flexible change ပြသာာနာပေါင်းစုံကို Issue လုပ် ခေါင်းတည် လက်တွဲခေါ်ရမယ့် NLD မျိုးဖြစ်ခဲ့ရင် လက်ကိုင်စကားဖြစ်တဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး Reconciliation ကို မလွဲမသွေ ဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်.......

ထင်တာမြင်တာ ရေးထားတာပါ။
Aik Sai

မေတ္တာဟူသည်...

_/\_ *** _/\_ *** _/\_
၁။ လုံးစုံများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

Tuesday, April 12, 2016

သမ္ဗုဒ္ဓေဂါထာတော်

သမ္ဗုဒ္ဓေဂါထာတော်ကြီး..
################

သမ္ဗုဒ္ဓေဂါထာတော်သည် မြတ်ဗုဒ္ဓဟောကြားခဲ့သော ဂါထာမဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ပိဋကတ်သုံးပုံတွင် ပါဝင်သော ဂါထာလည်း မဟုတ်ပါ။
သမ္ဗုဒ္ဓေဂါထာကို မည်သူက စတင်ဖွဲ့နွဲ့ သီကုံးခဲ့သည်ကိုလည်း မသိရပါ။
သို့သော် မြတ်ဗုဒ္ဓ၏ သာသနာအလင်းရောင် မြန်မာနိုင်ငံဝယ် စတင်ဖြန့်ကျက်သည့် သထုံခေတ်မှ စတင်ပေါ်ပေါက်လာသည်ဟုသာ ရဟန်းပညာရှိ၊ လူပညာရှိများက ခန့်မှန်းခဲ့ကြသည်။

ထိုသထုံခေတ် သာသနာတော် လင်းရောင်ခြည် စတင်ထွန်းလင်းသည့်ခေတ်မှသည် မြန်မာနိုင်ငံတဝန်းသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့ခဲ့ပါသည်။
ဤသို့ သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး ပျံ့နှံ့သွားခြင်းမှာ သမ္ဗုဒ္ဓေဂါထာတော်မြတ်သည် ရိုးရိုးကုသိုလ်ရအောင် ဘုရားရှိခိုးအဖြစ်သာမက ယခုမျက်မှောက်ဘဝ၌ တွေ့ကြုံရင်ဆိုင်ရမည့် ဘေးဆိုးအမျိုးမျိုး၊ အန္တရာယ်ဆိုး အဖုံဖုံတို့မှ လက်တွေ့ မျက်တွေ့ ပွဲတွေ့ အန္တရာယ်ကင်းကြသည်ကို တွေ့ကြုံခံစားကြရသဖြင့် နာမည်ကြီးပြီး ပူဇော်ကန်တော့ကြခြင်း၊ ရွတ်ဖတ်သရဇ္ဈာယ်ကြခြင်း ဖြစ်သည်။

သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ထားသည့် သရဏဂုံမြတ်သုံးပါးကို အမြဲမပြတ် နှလုံးသွင်းခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ပင် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် မြတ်ဘုရားကို ပို၍အားထားကြည်ညို ကိုးကွယ်ဆည်းကပ်ခြင်းနှင့် မြတ်တရားနှင့် မြတ်သံဃာအပေါင်းကိုလည်း ယုံကြည်အားထားကာ ကြည်ညိုကိုးကွယ်ဆည်းကပ်သော ဂါထာတော်ကြီးအဖြစ် တွေ့ရှိရပါသည်။

ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖတ်ပူဇော်ခြင်းသည် သရဏဂုံသုံးပါးကို ရွတ်ဖတ်ပူဇော်ခြင်းကဲ့သို့ အသွင်သဏ္ဍာန်ခြင်း တူညီနေပါသည်။
သို့သော် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီး၏ ထူးခြားချက်မှာ အနှိုင်းမဲ့မြတ်ဗုဒ္ဓ တဆူတည်းကို ပူဇော်ထားခြင်းမဟုတ်၊၊ ငါးသိန်းတသောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ပွင့်လေကုန်ပြီးသည့် မြတ်ဗုဒ္ဓအပေါင်းကို ပူဇော်ထားသော ဂါထာ (ဝါ) ဘုရားရှိခိုးကြီး ဖြစ်သည်။

ထို့အပြင် ထိုအနှိုင်းမဲ့ဘုရားရှင်များ ဟောကြားတော်မူခဲ့သည့် တရားတော်မြတ်အပေါင်းတို့အား၎င်း၊ ထိုမြတ်ဘုရားသခင်တို့၏ တပည့်သားသာဝက ရဟန္တာ၊ သံဃာတော်မြတ်အပေါင်းတို့အား၎င်း၊ ရိုသေလှစွာ ရှိခိုးပူဇော်ကန်တော့သော ဘုရားရှိခိုးဂါထာတော်ကြီး ဖြစ်ပါသည်။

ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးသည် တန်ခိုးထက်မြက်လှ၏။ အန္တရာယ်ဆိုးအမျိုးမျိုးမှ ကင်းလွတ်ကြ၏။ အသတ်ခံရမည့်ဘေးဆိုး အဖုံဖုံမှ လွတ်မြောက်ကြ၏၊ ရောဂါဆိုးအထွေထွေမှ ကင်းလွတ်ကြ၏။ ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်ကြီးသည် မြန်မာနိုင်ငံဝယ် ထင်ရှားကျော်စော ဂုဏ်သတင်း သင်းပျံ့ပြီး ဗုဒ္ဓဘာသာဝင်များ နှုတ်ဖျားဝယ် သီကျူးပူဇော်နေကြခြင်း ဖြစ်၏။
သမ္ဗုဒ္ဓေဂါထာတော်မြတ်ကို ပြန်လည် စိစစ်ခြင်း---
အနှိုင်းမဲ့ ဂေါတမဘုရားရှင်သည် အလောင်းတော်ဘဝက ဘုရားဆုကို စိတ်ကူးခဲ့သည်မှာ ၇-သေင်္ချတိုင် ကြာခဲ့ခြင်း၊
နှုတ်ဖြင့် မြွက်၍ တောင်းဆိုခဲ့သည်မှာ ၉-သင်္ချေ တိုင်တိုင် ကြာခဲ့၏။ 
စိတ်ရောနှုတ်ပါ တောင်းဆိုခဲ့သည်မှာ ၄-သင်္ချေနှင့် ကမ္ဘာတသိန်းတိုင်တိုင် ကြာခဲ့၏။
ပေါင်း အသင်္ချေ ၂၀-နှင့် ကမ္ဘာတသိန်းဖြစ်ပါသည်။

ဤတွင် ၄-သေင်္ချနှင့် ကမ္ဘာတသိန်းအတွင်း၌ တဏှင်္ကရာဘုရားမှစ၍ ဘုရားပေါင်း ၂၈-ဆူ ပွင့်တော်မူခဲ့ကြ။ ထို ၄-သင်္ချေနှင့် ကမ္ဘာတသိန်းအတွင်း ပွင့်တော်မူကြသော ဘုရားရှင်တို့ကို ရည်စူး၍ ဘုရားရှိခိုးကြောင်းကို သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ-ပါဠိဖြင့် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်တို့အား စတင်ပူဇော်ကြောင်း ဖော်ပြသည်။

စိတ်ကူးဖြင့် ဆုတောင်းခဲ့သော ၇-သင်္ချေနှင့် နှုတ်မြွက်ဆို၍ ဆုတောင်းခဲ့သော ၉-အသင်္ချေတို့ကို ပေါင်းသော် ၁၆-အသင်္ချေဖြစ်၏။ ထို ၁၆-သင်္ချေအတွင်း၌ ဗြဟ္မာဒေဝဘုရားမှစ၍ ဘုရားပေါင်း (၅၁၂၀၀၀) (ငါးသိန်းတသောင်းနှစ်ထောင်) ပွင့်တော်မူခဲ့ကြလေသည်။

ထို ၁၆-သင်္ချေအတွင်း ပွင့်တော်မူကြသော ဘုရားရှင်အပေါင်းကို ရည်စူး၍ ရှိခိုးပူဇော်ကြောင်းကို 
သမ္ဗုဒ္ဓေ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
ပါဠိဖြင့် ဖော်ပြထားသည်။

တဖန်-
ဒွါဒသဉ္စ သဟဿကေ၊ ပဉ္စသတသဟဿာနိ၊ သမ္ဗုဒ္ဓေ စ သိရသာမဟံ နမာမိ-ငါးသိန်းတသောင်းနှစ်ထောင်ကုန်သော ဘုရားရှင်တို့ကို ဦးခေါင်းဖြင့် တပည့်တော်ရှိခိုးပါ၏-ဟု ဖွင့်ဆိုထားသည်။

တဖန်-
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ-ဟူသော နှစ်ပါဒသည် နှဲကြိုးဆရာတော်ကြီးနှင့် လယ်တီဆရာတော်ကြီးများခေတ်တွင် အဆိုပါနှစ်ပါဒ မပါရှိပေ။ နှောင်းခေတ်မှ ပါရှိလာခဲ့သည်။
ထိုနှစ်ပါဒမပါလျှင် အသင်္ချေ ၂၀-အတွင်း ပွင့်တော်မူခဲ့ကြသော ဘုရားရှင်တို့ကိုသာ ရှိခိုးသောဂါထာဟု မှတ်သားပြီး ထိုနှစ်ပါဒပါလျှင် အသင်္ချေ ၂၀-၏ ဟိုဘက်မှာ ပွင့်တော်မူခဲ့ကြသော ပေါရာဏဂေါတမ အစရှိသော ဘုရားရှင်အပေါင်းတို့ကို ရှိခိုးပူဇော်သောဂါထာဟု ဖွင့်ဆိုထားပါသည်။

တဖန်--
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ-
ဟူသောနှစ်ပါဒဖြင့် ထိုဘုရားအပေါင်းတို့၏ တရားတော်ဆယ်ပါးနှင့် ရှစ်ပါးသော အရိယာသံဃာတော်မြတ် အပေါင်းကိုလည်း ရိုသေစွာရှိခိုးပါ၏ဟူ၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။

ထို့ကြောင့် သမ္ဗုဒ္ဓေဂါထာတော်မြတ်ကြီးသည် ငါးသိန်းတသောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူ မြတ်ဗုဒ္ဓအပေါင်းတို့အား ပူဇော်ကန်တော့ခြင်း၊ ထိုဘုရားရှင်အပေါင်းတို့၏ တရားတော်မြတ်အပေါင်းတို့အား ရှိခိုးခြင်း၊ ထိုဘုရားရှင်အပေါင်းတို့၏ တပည့်သာဝက ရဟန္တာမြတ်အပေါင်းတို့အား ရှိခိုးခြင်း စသော ရတနာမြတ်သုံးပါးတို့အား ရှိခိုးပူဇော်သောဂါထာဖြစ်ပါသည်။

ထို့ကြောင့် ဤသမ္ဗုဒ္ဓေဂါထာတော်ကြီးမှာ နှောင်းခေတ်မှ ပေါ်လာသော်လည်း ထေရဝါဒဗုဒ္ဓဘာသာဝင်တိုင်း အရိုအသေ၊ အလေးအမြတ်ထားကာ ပူဇော်ကြသည်။
ထို့ကြောင့်ပင် ကျိုက်လတ်မြို့နေ ပစ္ဆိမာရုံဆရာတော်ဘုရားကြီးက ဤသမ္ဗုဒ္ဓေဂါထာတော်ကြီးသည်
လောကီ, လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ပေးစွမ်းနိုင်သည်ဟု မိန့်ဆိုထားခြင်းဖြစ်သည်။

(သမ္ဗုဒ္ဓေဂါထာ ဘုရားရှိခိုး ပါဌ်-အနက်)

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။
ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။
အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗုတာ ဇိနာ။
တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။
နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။
အနေကာ အန္တရာယာပိ၊ ဝိနဿန္တု အသေသတော။

အဋ္ဌဝီသံ-သုံးပါးဘဝ, သုံးလောကတွင်, ဉာဏရောင်ဖိတ်, အောင်ဘိသိက်နှင့်, နှစ်ကျိပ်ရှစ်ဆူကုန်သော၊ သမ္ဗုဒ္ဓေစ-တန်ဆောင်ပမာ, ဉာဏ်ရောင်ဝါဖြင့်, သစ္စာပွင့်လင်း, တရားမင်းတို့ကို၎င်း၊ 
ဒွါဒသဉ္စ သဟဿကေ-နိဗ္ဗာန်ကိန်းအောင်း, စက်မွေ့လျောင်းသည့်, တသောင်းနှစ်ထောင်ကုန်သော၊
သမ္ဗုဒ္ဓေ စ-လရောင်ပမာ, ဉာဏ်ရောင်ဝါဖြင့်, သစ္စာလင်းပြောင်, မြတ်ဘုန်းခေါင်တို့ကို၎င်း၊
ပဉ္စသတသဟဿာနိ-သောင်းတိုက်စကြာဝဠာ, ဂုဏ်ဝါရှောင်ရှိန်း, ငါးသိန်းကုန်သော၊
သမ္ဗုဒ္ဓေ စ-နေရောင်ပမာ, ဉာဏ်ရောင်ဝါဖြင့်, သစ္စာလင်းထိန်, မြတ်မုနိန်တို့ကို၎င်း၊ 
အဟံ-အကျွန်ုပ်သည်၊ သိရသာ-ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့်၊ နမာမိ-ရိုသေညွတ်ကျိုး, လက်အုပ်မိုး၍, ရှိခိုးပါ၏။

ဂင်္ဂါ-ဂင်္ဂါယ-ဂင်္ဂါမြစ်အတွင်း၌၊ ဝါဠုကာ-ရှိကြကုန်သော သဲတို့သည်၊ အပ္ပကာ-နည်းကြကုန်သေး၏။ နိဗ္ဗုတာ-ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော်မူကြကုန်ပြီးသော၊ ဇိနာ-နှောင့်ယှက်ဖန်လာ, မာရ်ငါးဖြာကို, အရိယာမဂ်, ဘုန်းရောင်စက်ဖြင့်, ချိုးဖျက်လွယ်ကူ, အောင်တော်မူသော, ဘုရားရှင်အပေါင်းတို့ကား၊ အနန္တာ-သင်္ချာဂဏန်း, ရေတွက်မှန်းလည်း, ဆုံးခန်းတိုင်မြောက်, မရောက်နိုင်ကြကုန်၊ တေ ဇိနေ စ-ထိုဘုရားရှင် တို့ကို၎င်း၊ တေသံ-ထိုငါးသိန်းတသောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်, မရေတွက်နိုင်သော ဘုရားရှင်တို့၏၊ ဓမ္မဉ္စ-တရားတော်မြတ်ကို၎င်း၊ သံဃဉ္စ-တပည့်သားသံဃာတော်မြတ်ကို၎င်း၊ အဟံ-အကျွန်ုပ်သည်၊ အာဒရေန-အာဒရံ-ရိုသေစွာ၊ နမာမိ-ရှိခိုးပါ၏။

နမက္ကာရာနုဘာဝေန-ဤသို့ ရှိခိုးပူဇော်, ဖူးမြှော်မာန်လျှော့, ကန်တော့ရသော, ပဏာမကုသိုလ်,
စေတနာကြောင့်၊ သဗ္ဗေ-ခပ်သိမ်းကုန်သော၊ ဥပဒ္ဒဝေ-ဘေးရန်တို့ကို၊ ဟိတွာ-ပယ်ဖျောက်၍၊ အနေကာ အန္တရာ ယာပိ-တပါးမက, များလှသွယ်သွယ်, အန္တရာယ်တို့သည်လည်း၊ အသေသတော-အကြွင်းအကျန် မရှိသောအားဖြင့်၊ ဝိနဿန္တု-ပျောက်ပျက်ပါစေကုန်သတည်း။ 

လူတို့၏ အသုံးအဆောင်

တေန ခေါ ပန သမယေန ဆဗ္ဗဂ္ဂိယာ ဘိက္ခူ ဂိဟိနိဝတ္ထံ နိဝါသေန္တိ – ဟတ္ထိသောဏ္ဍကံ, မစ္ဆဝါဠကံ, စတုကဏ္ဏကံ, တာလဝဏ္ဋကံ, သတဝလိကံ။ မနုဿာ ဥဇ္ဈာယန္တိ ခိယျန္တိ ဝိပါစေန္တိ – သေယျထာပိ ဂိဟီ ကာမဘောဂိနောတိ။ ဘဂဝတော ဧတမတ္ထံ အာရောစေသုံ။ ‘‘န, ဘိက္ခဝေ, ဂိဟိနိဝတ္ထံ နိဝါသေတဗ္ဗံ – ဟတ္ထိသောဏ္ဍကံ, မစ္ဆဝါဠကံ, စတုကဏ္ဏကံ, တာလဝဏ္ဋကံ, သတဝလိကံ။ ယော နိဝါသေယျ, အာပတ္တိ ဒုက္ကဋဿာ’’ 

စူဠဝါပါဠိတော် ( ၂၇၇ )

လူတို့၏ ဝတ်ခြင်းမျိုးတို့ကဲ့ ဝတ်သောရဟန်းအား ဒုက္ကဋ်အာပတ်သင့်ပါတယ် ။

ဒုက္ကဋ်အာပတ်က ဒေသနာကြားရင် ပျောက်ပါတယ် အမှုထားစရာမလိုပါဘူးလို့ မပြောသင့်ပါဘူး ။ မြတ်စွာဘုရား၏  ဝိနည်းသိက္ခာပုဒ်ဆိုသည်မှာ လိုအပ်သည်ကို သဗ္ဗညုတရွှေဉာဏ်တော်ဖြင့်သိ၍ ပညတ်ထားခြင်းဖြစ်တဲ့အတွက် သဒ္ဓါတရားဖြင့် ရိုသေလေးစားစွာ တတ်စွမ်းသမျှ လိုက်နာနိုင်သလောက် ကြိုးစားလိုက်နာရမှာဖြစ်ပါတယ် ။ မတတ်သာလို့ အပြစ်သင့်လာခဲ့မှသာ ဒေသနာကြားကုစား၍ ဖြေဖျောက်ခြင်းကို ပြုသင့်ပါတယ် ။ သိလျက်နဲ့ မလေးမစား ကျူးလွန်ပါက အလဇ္ဇီလက္ခဏာဖြစ်၍ ကဲ့ရဲ့ထိုက်သော ပုဂ္ဂိုလ် နှိပ်ကွပ်ထိုက်သော ပုဂ္ဂိုလ် ဒကာ ဒကာမတို့ရဲ့ သဒ္ဓါတရားကို ဖျက်စီးသောပုဂ္ဂိုလ် အချည်းနှီးသောပုဂ္ဂိုလ် အဖြစ်ကိုရောက်ပါတယ် ။

နောက်ပြီး မြတ်ဘုရား သာသနာမှာ လိင်္ဂသာသနာဆိုတာ ရှိပါတယ် ၊ အသွင်အပြင်အားဖြင့် လူတွေနဲ့ တူနေရင် လိင်္ဂသာသနာကို ကွယ်အောင် ပြုရာရောက်ပါတယ် ။ ဒါကြောင့် လူနဲ့တူအောင် မဝတ်သင့်ပါဘူး ချမ်းအေး၍ဝတ်ချင်တယ်ဆိုတောင်မှ သင်္ကန်း၏အတွင်း၌ထား၍သာ ဝတ်သင့်ပါတယ် ။ 


Saturday, April 2, 2016

ကိုယ်ချင်းစာနာကြည့်ပါ...

စောက်ချိုးမပြေတဲ့ NLD တွေဖတ်ဖို့
======================

ဘွရှင်

ANP ရဲ့ စတိတ်မန့်ထွက်လာတဲ့အခါ ရှေ့ဆုံးကကန့်ကွက်ခဲ့တဲ့ ရခိုင်လူမျိုးထဲမှာ ဘွရှင်ပါခဲ့တယ်။ ကန့်ကွက်ရတဲ့အကြောင်းရင်းက အပြုသဘောမပါပဲ ရာဇသံဆန်နေလို့။ တနည်းအားဖြင့် နိုင်ငံရေးအမြော်အမြင် နည်းပါးလွန်းတယ်လို့ ခံစားမိလို့ ကန့်ကွက်တာ။ ခြေဥမှာပြဌာန်းထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အနေအထားဟာ ပြည်ထောင်စုအစိုးရရဲ့ အခိုင်းခံအဆင့်သာဖြစ်တဲ့အတွက် အဲနေရာရဖို့အရေးကို အဲလိုမျိုး ပြင်းပြင်းထန်ထန် တောင်းဆိုစရာလိုသလားဆိုပြီး ထဝေဖန်ခဲ့တယ်။ တဖက်မှာလည်း ပါတီတွင်း နေရာလွန်ဆွဲမှုတွေကြောင့် ပြိုကွဲနေတဲ့အချိန်မှာ ဒီကြေငြာချက်ကြောင့် ပါတီတွင်းစည်းလုံးညီညွတ်မှုကို ပိုထိခိုက်လာနိုင်တယ် ယူဆမိလို့ ကန့်ကွက်ခဲ့တာဖြစ်တယ်။ 

ဒါပေမယ့် အာဏာရပါတီ NLD ဖက်က ဒီကိစ္စကို အလေးအနက်ထားပြီး ဆွေးနွေးလာလိမ့်မယ်၊ အဲလိုဆွေးနွေးခဲ့ရင် နှစ်ဦးနှစ်ဖက် မိတ်မပျက်ပဲ ရေရှည်လက်တွဲသွားနိုင်လိမ့်မယ်လို့လည်း မျှော်လင့်မိခဲ့တယ်။ အဲလိုမျှော်လင့်ရတာကလည်း ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း လွှတ်တော်နိုင်ငံရေးထဲ အင်အားကြီးအတိုက်အခံပါတီ NLD ၀င်ရောက်လာဖို့ ကြားခံကူညီပေးခဲ့တာ ရခိုင်ပါတီဖြစ်တာကြောင့်ရယ်၊ လွှတ်တော်တွင်းရောက်တဲ့အခါ ကျမ်းကြိမ်ဖို့ကအစ ကြုံတွေ့ရတဲ့ အဖုအထစ်၊ အခက်အခဲတွေကို ချောချောမွေ့မွေ့ဖြစ်အောင် ကူညီပေးခဲ့ဖူးတာရယ်၊ နောက် ဖွဲ့စည်းပုံထဲက ပုဒ်မတွေပြင်ဆင်ရေးမှာ NLD အမတ် လက်တစ်ဆုပ်စာနဲ့ ရခိုင်အမတ်လက်တစ်ဆုပ်စာတို့ဟာ ကျောချင်းကပ်ပြီး အင်အားကြီး ကြံ့ခိုင်ရေးနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကို အတူတကွ အံတုခဲ့ကြဖူးတာရယ်ကြောင့် မဟာမိတ်စိတ်ဓာတ်ရှိနေလောက်သေးတယ်လို့ ယူဆမိတဲ့အတွက် မျှော်လင့်ခဲ့မိတယ်။

ဖွဲ့စည်းပုံပြင်ဖို့ ကြိုးစားတဲ့အခါတုန်းက ပါတီနှစ်ခုစလုံးဟာ ပုဒ်မ၄၃၆လိုမျိုး တစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေကို ပြင်ဖို့ တက်ညီလက်ညီ ကြိုးစားခဲ့ကြတယ်။ NLD အမတ် ဒေါက်တာမြတ်ဥာဏစိုးရဲ့ နယ်စပ်လုံခြုံရေးအဆိုကို ရခိုင်အမတ်တွေ လှိုက်လှိုက်လှဲလှဲ ထောက်ခံခဲ့ကြသလို ရခိုင်ပြည်သူတွေကပါ လှိုက်လှိုက်လှဲလှဲ အားပေးခဲ့ကြတယ်။ ပုဒ်မ ၅၉(စ)လိုမျိုး NLD နဲ့သာ သက်ဆိုင်တဲ့ ပုဒ်မမျိုးကို ပြင်ဖို့ကြိုးစားတဲ့အခါ NLD အမတ်တွေရဲ့နောက်မှာ ရခိုင်အမတ်တွေ ထောက်ခံပေးခဲ့ကြတယ်။ တိုင်းရင်းသားပါတီတွေ အဓိကလိုလားတဲ့ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ရေး ပုဒ်မ ၂၆၁ တို့လို ပုဒ်မတွေကို ပြင်ဆင်ဖို့ကြိုးစားတဲ့အခါလည်း NLD ပါတီဝင်တွေ တိုင်းရင်းသားအမတ်တွေနဲ့အတူ ရပ်ခဲ့ကြတယ်။ NLD ရဲ့ အိမ်နိမ့်စံဘ၀မှာ တိုင်းရင်းသားတွေနဲ့ တပြေးညီရှိခဲ့လို့ အချင်းချင်း ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်လိမ့်မယ်လို့ ထင်ခဲ့မိတယ်။

ဒါပေမယ့် NLD ဖက်က ANP ရဲ့ တောင်းဆိုချက်ကို လျှစ်လျှူရှုခဲ့တယ်။ အကြောင်းပြချက်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီလို့တဲ့။ ဖွဲ့စည်းပုံထဲမှာ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံပါသတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဘယ်သူ့ကိုမဆို ခန့်ခွင့်ရှိတာကို NLD ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ မသိချင်ယောင်ဆောင်ပြီး ငြင်းတဲ့စကား။ အစောပိုင်းတုန်းကတော့ ANP ရဲ့ ပြင်းပြင်းထန်ထန် တောင်းဆိုချက်ကို တော်တော်အမြင်ကပ်ခဲ့မိတယ်။ ဒါပေမယ့် NLD ရဲ့ တုန့်ပြန်ပုံကို မြင်လိုက်ရတဲ့အခါ ANP ပါတီ ရွေးကောက်ပွဲဝင်ရတဲ့ ရည်မှန်းချက်ကို ပြန်စဉ်းစားမိလာတယ်။ ရခိုင်မဲဆန္ဒရှင် ၆၂%ကျော် ANP ကို မဲပေးတာ ဘာအတွက်လဲ။ ANP ပါတီ ပြည်ထောင်စုအစိုးရဖွဲ့နိုင်ရေးအတွက်လား။ မဟုတ်ဘူး။ ရခိုင်ပြည်နယ်အစိုးရကို ANP ကဖွဲ့နိုင်ဖို့ ရည်မှန်းချက်နဲ့ ဒီပြည်သူတွေ မဲပေးခဲ့ကြတာ။ ပြည်သူတွေမဲပေးတဲ့ ရည်မှန်းချက်ဟာ ANP ပါတီတွင်း ပြိုကွဲမှုတွေနဲ့ ဘာမှမဆိုင်ဘူး။ အဲတော့ ဒီပြည်သူတွေပေးတဲ့မဲနဲ့ အမတ်ဖြစ်လာတဲ့ ANP ပါတီဝင်တွေဟာ ပြည်သူ့ဆန္ဒကို အကောင်အထည်ဖော်ပေးရမယ့် တာဝန်ရှိတယ်။ ရခိုင်မဲဆန္ဒရှင် ၆၂%ဟာ NLD ကခန့်မယ့် ၀န်ကြီးချုပ်နဲ့သူဖွဲ့မယ့် အစိုးရကို လိုချင်လို့ မဲပေးခဲ့တာမဟုတ်ဘူး။  အဲဒီတော့ တချိန်ကအတူတူပြင်ဖို့ကြိုးစားဖူးတဲ့ ပုဒ်မကို အပိုင်ကိုင်ပြီး ငြင်းလိမ့်မယ်လို့ မထင်တဲ့အတွက် ANP က တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ငြင်းခံရတယ်။ ငြင်းတဲ့အပြင်ကို အဖက်လုပ်ပြီး ဆွေးနွေးဖို့တောင် စိတ်မ၀င်စားတာ ခံခဲ့ရတယ်။

အစိုးရအဖွဲ့ဝင်နာမည်စာရင်း ထွက်ခါနီးမှာ NLD စီအီးစီ ဦးဝင်းထိန်က လွှတ်တော်ထဲက ANP ပါတီအမတ်တွေကို  ဆွေးနွေးဖို့ဖိတ်တယ်။ ဖိတ်တဲ့စာထဲမှာ ဒေါ်ခင်စောဝေတို့ပါတီက အမတ်တွေနဲ့ ဦးအေးသာအောင်တို့ ပါတီက အမတ်တွေလို့ ခွဲရေးထားတယ်။ တနည်းအားဖြင့် ယခင်ပါတီဟောင်းတွေဖြစ်တဲ့ RNDP နဲ့ ALD ကို ခွဲရေးပြီး ဖိတ်တာ။ ဒီအမတ်တွေအကုန်လုံးဟာ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒနဲ့ ပါတီနှစ်ခုပေါင်းစည်းပြီး ANP ပါတီတစ်ခုတည်းအနေနဲ့ ရွေးကောက်ပွဲဝင်ပြီး အမတ်ဖြစ်လာတဲ့လူတွေ။ ANP ပါတီတွင်းက RNDP နဲ့ ALD ကြား အားပြိုင်မှုတွေနဲ့ NLD အနေနဲ့ ဘာမှစွက်ဖက်စရာအကြောင်းမရှိဘူး။ အဲလိုဖိတ်လာတဲ့ ပုဂ္ဂိုလ်ရဲ့ အတွင်းစိတ်ဓာတ် ဘယ်လောက်ထိညစ်ပတ်သလဲ၊ ဘယ်လောက် လူကြီးလူကောင်းမဆန်သလဲဆိုတာ သိသာတယ်။ အဖြူတွေရဲ့ ဓလေ့ထုံးစံတစ်ခုနဲ့ ဥပမာပေးရရင် ရန်ဖြစ်ထားတဲ့ လင်မယားကို သူတို့ရန်ဖြစ်ထားမှန်းသိတဲ့ အိမ်နီးချင်းယောင်္ကျားတစ်ယောက်က ညစာဖိတ်ကျွေးတဲ့အခါ ဖိတ်စာမှာ မယားဖြစ်သူရဲ့ အပျိုဘ၀ကနာမည်ကိုသုံးပြီး ခွဲဖိတ်သလိုမျိုး။ အဲဒီဖိတ်တဲ့လူရဲ့ စိတ်ဓာတ်က ဘယ်လိုအစားမျိုးဖြစ်မလဲ။ ဦးဝင်းထိန်ရဲ့ ဖိတ်စာကလည်း အဲလိုကြာကူလီဖိတ်စာမျိုးပဲ။

အဲဒီဆွေးနွေးပွဲက မျှော်လင့်ထားသလိုမျိုး NLD ဖက်က အပြုသဘောဆန်တဲ့အနေအထားကို ပြသခဲ့တာမရှိခဲ့ဘူး။ သူတို့ဘာဆက်လုပ်မယ်ဆိုတာလောက်ကို ခေါ်ပြောတဲ့သဘောလို့ပဲ အကြမ်းဖျဉ်းနားလည်မိတယ်။ ထပ်ဆွေးနွေးမယ်လို့ သဘောတူခဲ့ကြပေမယ့် အစိုးရသစ်ကျမ်းကြိမ်ဖို့ ဖင်နားကပ်တဲ့အထိ ဘာသံမှထပ်မကြားရသေးဘူး။

ပြည်နယ်လွှတ်တော်မှာ ANP အမတ်တွေ သပိတ်မှောက်ပြီး ထထွက်တော့ NLD ဘက်တော်သားတွေဆီက လူမျိုးရေးတိုက်ခိုက်တဲ့စာတွေ ဆက်တိုက်တင်လာကြတယ်။ သမ္မတလုပ်နိုင်တဲ့ အရည်အချင်း တင်းပြည့်ကျပ်ပြည့်ရှိပေမယ့် ဖွဲ့စည်းပုံနဲ့မညီလို့ဆိုပြီး ဒေါ်စုကိုငြင်းခံရတဲ့အခါ NLD ထောက်ခံသူတွေ ဘယ်လိုခံစားခဲ့ရလဲ။ ခု ရခိုင်မှာ ဆန္ဒမဲအများဆုံးရခဲ့တဲ့ ANP ပါတီက ပြည်နယ်အစိုးရဖွဲ့ရေးမှာ ဖွဲ့စည်းပုံနဲ့ကိုင်ပေါက်ပြီး ငြင်းခံရတာ ရခိုင်တွေစိတ်ထဲ ဘယ်လိုခံစားရမလဲ။ ကိုယ်ချင်းစာတတ်ရဲ့လား။ ၂၀၁၀တုန်းက RNDP အများဆုံးနိုင်ခဲ့တယ်ဆိုပေမယ့် ကြံ့ခိုင်ရေးနဲ့ အရေအတွက်သိပ်မကွာတော့ ဟိုဖက်ကစစ်သား ၂၅%နဲ့ပေါင်းရင် လွှတ်တော်မှာ အလိုအလျောက် အသာစီးရသွားတယ်။ အဲတုန်းက ၀န်ကြီးချုပ်နေရာကို ရခိုင်ပါတီမတောင်းဆိုခဲ့ဘူး။ အဲတုန်းကကျတော့ မတောင်းရဲပဲ ခုကျမှလာတောင်းရသလားဆိုပြီး အာချောင်နေတဲ့ ကောင်တွေရှိသေးတယ်။ အဲတုန်းက မတောင်းခဲ့တာ ရှင်းရှင်းလေး။ ရခိုင်လူထုနဲ့စစ်အာဏာရှင်တွေကြားမှာ တရားခံမဖြစ်ချင်လို့။ ဘင်္ဂလီမဲတွေနဲ့ နိုင်လာတဲ့ ဦးသိန်းစိန်အစိုးရနဲ့ လက်မတွဲချင်လို့။ ခု လက်တွဲချင်လို့ NLD ဆီမှာ တောင်းဆိုတာ။ အ၀င်အထွက်ပုံမလာတာ တချက်ပဲ ပြောစရာရှိတယ်။

နိုင်ငံရေးပါတီအချင်းချင်း၊ တချိန်က မဟာမိတ်အချင်းချင်းတောင် စားပွဲဝိုင်းထိုင် မဆွေးနွေးနိုင်လောက်အောင် မာန်တက်နေရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဘယ်လိုသွားဆွေးနွေးမလဲ။ တပ်မတော်က NLD ရဲ့ နိုင်ငံရေးပြိုင်ဖက်နေရာမှာ ရှိနေတုန်းပဲ။ ဦးသိန်းစိန်အစိုးရလို စစ်တပ်အားကိုးနဲ့ သူပုန်တွေကို ဖြဲလို့မရဘူး။ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ပြီး ဆွေးနွေးယူရမှာ။ ခုလိုအချိုးမျိုးနဲ့ ဘယ်သူကယုံကြည်ချင်တော့မှာလဲ။

ခုဖြစ်နေတဲ့ပြဿနာကို ဒေါက်တာအေးမောင်ကိုပဲ မဲနေကြတာတွေ့တယ်။ အဲဒါဆို မေးမယ်။ ဦးအေးသာအောင်ကရော ရခိုင်ပါတီကနေ ရခိုင်ဝန်ကြီးချုပ်ခန့်ပေးစေချင်တယ်လို့ မပြောခဲ့ဘူးလား။ လွှတ်တော်မှာ ထထွက်သွားတဲ့ လုပ်ရပ်ကို မကြိုက်ပဲ နေကောင်းနေလိမ့်မယ်။ ရခိုင့်ခေါင်းဆောင်ဖြစ်တဲ့ ဦးအေးသာအောင် ရခိုင်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း ပြောမှာသေချာတယ်။ တလောက ထုတ်ခံရတဲ့ စီအီးစီငါးယောက်ကို မေးကြည့်။ ရခိုင်ပါတီက ရခိုင်ဝန်ကြီးချုပ်ခန့်စေချင်ပါတယ်ပဲ ပြောမှာ။ ဦးညီပုကို ခန့်တာ ကန့်ကွက်လို့ ဦးညီပုက ရခိုင်မဟုတ်ဘူးလား ဘာညာပြောကြတယ်။ ခုကန့်ကွက်တာ ဦးညီပုနဲ့ ပုဂ္ဂိုလ်ရေးရာ ဘာမှမပတ်သက်ဘူး။ အာဏာမောင်ပိုင်စီးခံရတာကို မကျေနပ်လို့ ကန့်ကွက်တာ။ ဘယ်သူမဆို ဖိခံရရင် ရုန်းတတ်တာ သဘာဝပဲ။ အရင်အစိုးရ အဆက်ဆက်လက်ထက်ကလည်း ရခိုင်တွေရုန်းခဲ့ကြတာပဲ။ ဦးအေးသာအောင်တို့၊ ဦးခိုင်ပြည်စိုးတို့ဆို ထောင်ထဲက မသေလို့ ပြန်ထွက်လာတဲ့လူတွေ။ ငါ့လက်ထက်ကျမှ ရုန်းတယ်လို့ မထင်နဲ့။ စစ်အာဏာရှင်စနစ် အမြစ်မပြတ်သေးဘူးဆိုပဲ။ ဒီနေရာရောက်အောင် အတူလက်တွဲတိုက်လာပြီးတော့မှ ထိုင်ခုံလည်းရရော၊ ငါ့ဘာသာပဲတိုက်တော့မယ်ဆိုတာမျိုးက ခလေးအထာတွေ။ အရေးမပါတဲ့နေရာတွေမှာ တိုင်းရင်းသားပါတီတွေဖက်က တယောက်စနှစ်ယောက်စ ကောက်ထည့်ပြရုံနဲ့ ပြည်ထောင်စုစိတ်ဓာတ် စောက်ရမ်းရှိတဲ့ ပါတီကြီး ဖြစ်သွားရောလား။ ပြောကြည့်စမ်းပါ။

ရခိုင်အတွက် ANP၊ ပြည်ထောင်စုအတွက် NLD ဆိုပြီး အားပေးခဲ့မိတဲ့ ရခိုင်တွေခမျာ ကျောချမှ ဓားမြမှန်းသိရတော့တယ်။ NLD ဖက်က ကာပေးခဲ့သမျှ လူမျိုးရေးအစွန်းရောက် ရခိုင်တွေဆီမှာ စောက်ပြောခံနေရပြီ။ လူမျိုးရေးမုန်းတီးမှုဆိုတာ နိုင်ငံရေးမှာတန်းတူညီမျှမရှိလို့ ပေါ်လာတာ။ အရင်စစ်အစိုးရလက်ထက်ကကျတော့ မကျေနပ်ရင် တိုက်ယူတဲ့။ ခုတစ်ခါလာပြန်ပြီ။ မကျေနပ်ရင် ဖွဲ့စည်းပုံပြင်တဲ့။ တိုင်းရင်းသားအမတ် လက်တဆုပ်စာ ချောင်ကပ်ထိုင်နေရတဲ့ လွှတ်တော်ကြီးမှာ နေရာအများဆုံးရထားတဲ့ ပါတီကမပြင်ပေးရင် ဘယ်ကောင်မှပြင်လို့မရဘူး။ ပြင်ပေးချင်စိတ် ရှိမရှိက ခုလုပ်ရပ်ကြည့်ကတည်းက ပေါ်နေပြီ။ ဖဆပလတုန်းက အဲစောက်ကျင့်တွေကြောင့် တိုင်းပြည်မြောင်းထဲ ရောက်သွားတာ။ ပြောရင်လည်း သူတို့ထက်အပြင် နာတတ်တာမရှိဘူး။ စောက်ကျင့်ပြင်ဖို့ကျတော့ ရွှေထုတ်ပဲပျောက်သလိုလို၊ အတိတ်ပဲမေ့သလိုလို၊ ထွီ!!

Credit#မြတ်သိန်းထွန်း(ဘွရှင်)