Wednesday, March 30, 2016

မြင်ကြ၊ သိကြ၊ နားလည်ခံစားနိုင်ကြပါစေ...

ပြောချင် အသိပေးချင်တာတွေ
~~~~~~~~~~~~~~~~~
ဦးညီပု ၊ ဒေါက်တာအေးမောင် ပြသနာမဟုတ် ၊
( အနိုင်မရ Dr အေးမောင်သည် ၀န်ကြီးချူ ပ်ဖြစ်ခွင့်မရှိ၊ သူသိသည်)
သူ့ဖက် ကိုယ့်ဖက် နှစ်ယောက်စလုံးကို အပြစ်တင် မဆဲဆိုသင့် ။

တောင်ပိုင်း မြောက်ပိုင်း ပြသနာလည်းမဟုတ် ၊
( အးလုံး တစ်အူတုံဆင်း ရခိုင်သားများသာ ဖြစ်ကြသည်။ )
အခုလို အနေအထားအတိုင်း NLD မြောက်ပိုင်းသား ဆိုလျင်လည်း
ယခုလို ကန့်ကွက်ခံရမှု အကျ ပ် အတည်း တွေ့မည်သေချာသည် ။

ရခိုင်/ရှမ်း နှင့် ဗမာ ထိပ်တိုက်တွေ့မှုလည်းမဟုတ် ၊
လူမျိုးချ င်း ချီပြီး အမုန်းစကားများ ပြောနေစရာလည်း မလို ။

ပြည်နယ်ဝန်ကြီးချူ ပ် ဆိုသောနေရာသည် 
မဆလခေတ် ကောင်စီဥက္ကဌလောက်တောင် လုပ်ပိုင်ခွင့်ရှိသည့်နေရာမဟုတ် ။ အထူးတာဝန်ပေးခြင်းခံခဲ့ရသည့် အစားဝင် တပ်မတော်သား ၀န်ကြီးချူ ပ်သည်ပင် 
လုပ်သင့် လုပ်ရမည့်ကိစ္စများကို 
လုပ်ချင်တိုင်း လုပ်ခွင့်ရခဲ့သည်မဟုတ် ။

ပြသနာက ....
တန်းတူညီမျှ မှု ဖက်ဒရယ် နှင့် ဒီမိုကရေစီကို မြတ်နိုးအကောင်အထည်ဖော်မည်ဟု ကြွေးကြော်အနိုင်ရလာသည့် ပါတီကြီးက 
အပြော နှင့် အလုပ် မညီညွတ်မှု ၊
သူတိုကိုယ်တိုင် မကြိုက်ပါ ပြင်ကိုပြင်ရမည်ဟု အမြဲမပြတ် ထောက်ပြဝေဖန်နေသည့် ၂၀၀၈ ဖွဲ့စည်းပုံ ကို သူတို့အတွက် အပိုင်အနိုင်အသုံးချလာမှု ၊
အာဏာရှင်ဟုဆိုခဲ့ကြသည်များကို အတူတကွ ပူးပေါင်း တိုက်ပွဲဝင်လာကြသည့် ပါတီအချင်းချင်းကို အသိအမှတ်မပြုမှု ၊
ကြီးနိုင် ငယ်ညှင်း တောတွင်းဝါဒ ကို ကျင့်သုံးလာပြီး 
သူ နှင့်မတူ သူ့ရန်သူ သဘောထားပြီး တစ်ပါတီ အာဏာပိုင် ဆန်လာမှု ၊
တစ်မိုးလုံး သူ့ပါတီဖျောက်ဆိပ်ဖြစ်ရေးအတွက် အင်အားရှိ 
တိုင်းရင်းသားပါတီများကို သပ်လျှူိ သွေးခွဲ 
ဖဲ့ထုတ်သိမ်းသွင်းလာမှု ၊
ပြည်နယ်တွင်း အနိုင်ရ တိုင်းရင်းသားပါတီက ပြည်နယ်အစိုးရဖွဲ့ရေး ( ၀န်ကြီးချူ ပ်ကိစ္စမဟုတ် ) ဆွေးနွေးဖို့ ကမ်းလှမ်း သည်ကို အဖက်မတန် မသိကျိုးကျွန်ပြု မှု ၊
ပါတီနှင့် ဆွေးနွေးရမည့်ကိစ္စကို လွှတ်တော်အမတ်များ နှင့် ယောင်ပြဆွေးနွေးဟန်ပြု၍ အချိန်ဆွဲစံနစ် ( Delay tatics )သုံးကာ မိမိလိုသလို ပုံဖော်သွားမှု အစရှိသည်တို့သာဖြစ်ပေသည် ။
အခုတော့ အပျက်အပျက် နှင့် နှခေါင်းသွေးထွက်သည့် 
အခြေအနေကို NLD ကိုယ်တိုင်တွန်းပို့သလို ဖြစ်သွားသည် ။
NLD ဖက်က လေးစားမှုကို အချိန်မီ ပြပေးပါ ။

နောက်တစ်ခု ...
ရခိုင်တွေ ကြံဖွံ့ နဲ့ စစ်တပ်တုန်းက ဒီလိုမဟုတ်ပါလား ၊ ဘာမှမပြောရဲကြလို့ ဝေဖန်ရှုံ့ချ သံတွေရှိပါသည် ။
၂၀၁၀ ၏ ရခိုင်ပြည်နယ်လွှတ်တော်မှာ တပ် နှင့် USDP မဟာမိတ်တို့၏ အမတ်အရေအတွက်သည် အများစုဖြင့် RNDP ထက် သာလွန်ပါသည် ။ 
ပြန်လေ့လာကြည့်ကြပါ ။

စစ်တပ် နှင့်မှ တန်သည်ဟုပြောလာကြသည် ။ 
တပ်မတော်ကြီး တစ်ခုလုံးကို မဆိုလိုသော်လည်း 
မြန်မာနိုင်ငံမှာ စစ်တပ်ဖွဲ့တစ်ခု၏ ရွာလုံးကျွတ်အသတ်ခံရမှုသည် ရခိုင်ပြည်နယ်မှ တောပန်ဇင်း ဆိုသည့် 
ရခိုင်ကျေးရွာ တစ်ခုတည်းသာရှိပါသည် ။ 
ရခိုင်တို့သည် အခြားမြန်မာနိုင်ငံသားများ နည်းတူ 
စစ်အာဏာရှင်စံနစ်ကို ဆန့်ကျင်ခဲ့ကြကြောင်း 
သမိုင်း သက်သေရှိပါသည် ။ 
စပါးကျီ ရခိုင်ပြည်နယ်တွင် ကိုယ့်ပြည်နယ်ထွက်ဆန်ကို အစိုးရက နိုင်ငံခြားသို့ မတန်တဆ ပို့၍ ဆန်ပြသနာ 
ပေါ်သောကြောင့် ပစ်ခတ်နှိမ်နင်းခံခဲ့ရသည် ၁၃ သြဂုတ် ကိုလည်း စစ်တွေသားတို့မမေ့သေးပါ ။ 
ယခု နှစ်ပိုင်း မြန်မာပြည်တွင့်းဖြစ်ပျက်သည့် လက်ပန်တန်းတောင်ကိစ္စ ၊ ကျူးကျော်ကိစ္စတို့သည် ရခိုင်ပြည်တွင်း အနှိပ်စက်ခံခဲ့ရသည်နှင့်စာလျင် ပြောပြလောက်သော အခြေအနေမဟုတ်ပါ ။
ဖားကန့်ဒေသ ချို င့်ဝှမ်း ဖြစ်သွားသည်က တရားခံကို လက်ညှိုးထိုးပြ၍ ရပါသေးသည် ၊ ရခိုင်ရိုးမ တစ်ခုလုံး တောင်ဂတုံးဖြစ်သွားရသည်ကို ရခိုင်တို့ခမျာ မည်သူ့ကိုလက်သည်ရှာရမှန်းတောင် မသိလိုက်ပါ ။

နောက်ဆုံးအနေဖြင့် ...
ရခိုင်တို့ NLD အပေါ် အစဉ်တစိုက်ထောက်ခံခဲ့ကြသည် ။ စာနာခဲ့ကြသည် ။ မည်သည့်ခါမျှ ရန်သူမသတ်မှတ် အားကိုးရာ မဟာမိတ်ဟု ထင်မြင်ခဲ့သည် ။
လူတစ်စုကိုခွဲထုတ်၍ ရကောင်းရနိုင်ပါသည် ။
သို့သော် အကျည်းအကျပ်ကြားထဲရောက်နေသည့် အနာကျ ရခိုင်လူထု၏ သူမတူအောင်စည်းလုံးမှုကိုတော့ ဖြိုခွဲ၍ ရနိုင်မည်မဟုတ်ပါ ။
ယခုတော့ ထို NLD ကိုယ်တိုင်  ကြံ့ဖွံ့ လို စစ်အာဏာရှင်လို အမူအကျင့်များဖြင့် ရခိုင်တို့ကို ဆက်ဆံလာသည်ကို ဗမာညီနောင်များ မြင်တတ်ကြပါစေ ။ ဖက်ဒရယ် ဖော်ကျူးမည့် ဒီမိုကရေစီ တည်ဆောက်မည့် ပြည်လုံးဆိုင်ရာ အနိုင်ရပါတီကြီးကလည်း တိုင်းရင်း သားများကို တန်းတူထားပြီး ယခင်အုပ်ချူ ပ်ခဲ့သူများနှင့် ကွဲပြားခြားနားစွာ အစစ်အမှန် ပြောင်းလဲမှုကို ဖော်ဆောင်နိုင်ပါစေ ။

( Than Tun )

Photo credit >> Ko Ni & Ko Lynn Ein

Sunday, March 27, 2016

ရခိုင့်နိုင်ငံရေး...

(ဒီတစ်ပတ်ထုတ် ရခိုင့်အသံဂျာနယ်က ကျွန်တော့်ရဲ့ဆောင်းပါးလေးပါ.)

        ရခိုင့်ပုတ်သင်ညိုများနဲ့ နှစ်ပေါင်း ၂၃၀ သက်တန်းရင့် ပုံပြင်များ
    -------------------------------------------------------------------------------------------
                                    ရက္ခ
                                    ......
ဥပမာစကားပုံတွေထူပြောလှတဲ့ စာရေးသူတို့နိုင်ငံနဲ့ လူမျိုးတွေမှာ တစ်စုံတစ်ခုအကြောင်းဆိုရင် ခိုင်းနှိုင်းပြ စရာ ဥပမာစကားပုံတွေက များပြားလှပေရဲ့ ။ စကားပြောကောင်းပြီး အလုပ်မဖြစ်တဲ့သူကို ပုံပြောကောင်းသူ ၊ မျှော်လင့်ချက်တွေပေးလွန်းတဲ့သူကိုတော့ တစ်ထောင့်တစ်ညပုံပြောကောင်းသူ စသဖြင့် ဥပမာပေးခိုင်းနှိုင်းကြ တာမျိုးပေါ့ ။ ဒါပေမယ့်… ပုံပြောကောင်းသူတွေရဲ့ အာဘော်တွေထဲ အလိုက်သင့်စီးမျှောနေကြသူတွေကိုတော့ ဘယ်လို ဥပမာမျိုးပေးပြီးခိုင်းနှိုင်းရမလဲလို့ စာရေးသူက တွေးမိနေတယ် ။ ပုံပြင်တွေထဲက နိုးထဖို့ မေ့နေတဲ့သူ (ဒါမှမဟုတ်) ပုံပြင် နားထောင်ကောင်းကြသူများလို့ပဲ ခေါ်ရမလား ။ သို့လော..သို့လော ပေါ့  ။
                                                            ( တစ် )
                 ရခိုင်ပြည်ကြီးအချုပ်အခြာကျဆုံးခဲ့တာ လာမယ့် ဒီဇင်ဘာလထဲဆိုရင် နှစ်ပေါင်း ၂၃၀ တိုင်ခဲ့ ပါပြီ။ ၁၇၈၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ဘိုးတော်ဗဒုံမင်းရဲ့ သက်ဦးဆံပိုင် ပဒေသရာဇ်အာဏာရှင်စနစ်လက်အောက်ကို ကျရောက်ခဲ့ရတာကအစ ခုချိန်တိုင် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးတို့ရဲ့ ကိုလိုနီသက်တမ်းတစ်ခုပဲ ဆိုပါတော့ ။ ကြား ထဲမှာ အင်္ဂလိပ်-ကိုလိုနီ ၊ ဖက်ဆစ်ဂျပန်-ကိုလိုနီစနစ်တွေက မြန်မာတစ်နိုင်ငံလုံးကို ကျွန်ဘ၀အဖြစ်သွပ်သွင်း မြည်းစမ်းခဲ့ကြတာကတော့  ခြွင်းချက်တစ်ခုပေါ့လေ ။ ပြောရရင် အင်္ဂလိပ် ၊ ဂျပန်တို့လက်အောက်က လွတ် မြောက်ဖို့ တိုင်းရင်းသားအားလုံးပဲ လွတ်လပ်ရေးကို အတူတကွလက်တွဲ တိုက်ယူခဲ့ကြတယ် ။ အသက် ၊ ချွေး ၊ သွေးပေါင်းများစွာနဲ့ရင်းခဲ့ကြရတဲ့ လွတ်လပ်ရေးဆိုတာကြီးကိုလည်း တကယ့်လက်တွေ့မှာ ရခဲ့ပါတယ် ။ ဒါပေ မယ့် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးဆိုတာ လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို ခုထက်ထိတိုင် မည်မည်ရရ စားသုံးခွင့် မရခဲ့တာကတော့ ကံဆိုးလွန်းတယ်လို့ပဲ ယိုးမယ်ဖွဲ့ရမလားပေါ့ ။ ပဒေသရာဇ် သက်ဦးဆံပိုင်ဘုရင့်ကိုလိုနီစနစ် ကနေ အရပ်သားအယောင်ပြအာဏာရှင်စနစ်တွေ ပြီးတော့ ယူနီဖောင်းဝတ် အာဏာရှင်စနစ်တွေလက်အောက် ကို တစ်ခေတ်ပြီးတစ်ခေတ် ဆွဲသွင်းကိုလိုနီပြုခံခဲ့ရတာ ခုချိန်ထိ နှစ်ပေါင်း ၂၃၀ ကြာခဲ့ပြီ ။ ငွေရတု ၊ ရွှေရတု ၊ စိန်ရတု စသဖြင့် တိုင်ခဲ့ပါပြီ ။ ကိုယ်ပိုင်-စာပေ ယဉ်ကျေးမှု ၊ ကိုယ်ပိုင်-ရိုးရာအနုပညာ ၊ ကိုယ်ပိုင်-မူဟန်တို့ကို ကိုယ်ပိုင်ပြဌာန်းချက်အောက်က တရားဝင်ကာကွယ်စောင့်ရှောက်ခွင့်မရခဲ့တဲ့ ရတုတွေ အလီလီပေါ့လေ ။ တ နည်းဆိုရရင်တော့ ပုံပြောကောင်းသူတွေလက်အောက်က တစ်ထောင့်တစ်ညပုံပြင်တွေနားထောင်ခဲ့ရတာ နှစ် ပေါင်း ၂၃၀ တိုင်ခဲ့ပါပြီ ။ ခုချိန်ထိ ရခိုင်ပြည်ကြီးကတော့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်မှန်တဲ့ တန်းတူညီမျှရေးဆို တာ ဇော်ဝင်းထွဋ်ရဲ့ သီချင်းလိုပဲ ရွှေပြည်တော်ရယ် မျှော်လေတိုင်းဝေး ။ ဓူဝံကြယ်စင် မြင်နေလည်းဝေး ။
                  တကယ်တော့ ကိုယ်ပိုင်ဓလေ့စရိုက်လက္ခဏာ ၊ ကိုယ်ပိုင် ထင်ရှားတင့်တယ်ခဲ့တဲ့ သမိုင်း ၊ ကိုယ် ပိုင်ရေမြေ တောတောင်သယံဇာတရှိတဲ့ လူမျိုးတစ်မျိုးဟာ ဒီလိုပဲ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်မရှိ ၊ ကိုယ်ပိုင် ပြဌာန်းခွင့်မရှိပဲ အခြားသော လူမျိုးတစ်မျိုးရဲ့အောက်မှာ သူများဓလေ့စရိုက် ယဉ်ကျေးမှုစာပေတို့နဲ့သာ နှစ် ပေါင်း ၂၃၀ ခန့်ခရီးဆက်ခဲ့ရခြင်းဟာ တကယ်ပဲ အံ့သြမင်သက်စရာကောင်းလှတယ် ။ မချိတင်ကဲ ဖြစ်စရာ ကောင်းလှတယ် ။ ပြိုင်ပွဲဝင်ရင် ကမ္ဘာ့ဂင်းနစ်စံချိန်တောင် ၀င်မလားပဲ ။ နောင်အနာဂတ်မှာလည်း ကိုယ့်ကိုယ် ကိုယ် ကိုယ်မပိုင်တဲ့ ဒီလိုပုံအတိုင်းသာ ဆက်လက်ထွက်ခွာရဦးမယ်ဆိုရင် ခက်ရချည်ရဲ့လေ ။ ရခိုင့်ခေါင်း ဆောင်တွေသာမက သိကြားမင်းတောင် မကယ်နိုင်တော့ပြီလား ။ အိုဘယ့် ..ရခိုင်ရယ် ။                                                                                      
                                                          ( နှစ် )
                ရခိုင်လူမျိုးတို့ဟာ ၁၇၈၅ ခုနှစ်ကနေ ၁၈၂၄ ခုနှစ်ထိ သက်ဦးဆံပိုင်ဘုရင်စနစ်အောက်မှာ နေခဲ့ရ ဖူးတယ် ။ ၁၈၂၆ ခုနှစ် ၊ ဖေဖော်ဝါရီ ၂၄ မှာ အင်္ဂလိပ်နဲ့ မြန်မာ(ဗမာ) ဘုရင်ကိုယ်စားလှယ်တို့ချုပ်ဆိုခဲ့တဲ့ ရန္တပို စာချုပ် (ကျွန်လက်လွှဲစာချုပ်) အရ အင်္ဂလိပ်တို့ လက်အောက်ကို အစောဆုံးကျရောက်ခဲ့တဲ့လူမျိုးအဖြစ် မြန်မာ နိုင်ငံမှာ စံချိန်တင်ခဲ့တယ် ။ လွတ်လပ်ရေးရပြီးတဲ့နောက်မှာလည်း ရခိုင်လူမျိုးဆိုတာ ကိုယ်ပိုင်ပြည်နယ် ၊ ကိုယ် ပိုင်သမိုင်းနဲ့ စရိုက်လက္ခ ဏာမရှိတဲ့လူမျိုးအဖြစ် နောက်ထပ်စံချိန်တစ်ခုကို မြန်မာအစိုးရတို့က ရက်ရက်ရော ရောပေးအပ်ခဲ့ပြန်တယ် ။ ဒီလိုနဲ့ပဲ ရသစုံလင်လှတဲ့ ဖ.ဆ. ပ.လ ၊ မ.ဆ.လ ၊ န.၀.တ ၊ န. အ.ဖ စတဲ့ ပုံပြင် လေးတွေကို ရခိုင်သားများ နားထောင်ခဲ့ရတာ နှစ်ပေါင်း ၂၃၀ ကြာ ။ ရတုအဆက်ဆက် စံချိန်တွေအလီလီ ။
                 တကယ်တော့ စာရေးသူက ကိုလိုနီဘ၀လို့ သုံးနှုံးလိုက်တာဟာ စာရေးသူတို့ ရခိုင်လူမျိုးတို့ရဲ့ ကိုယ်ပိုင်စရိုက်လက္ခဏာတွေကို ကိုယ်တိုင်ကိုယ်ကျ လွတ်လွတ်လပ်လပ် စောင့်ရှောက်ထိန်းသိမ်းခွင့်မရခဲ့တာ တွေ ၊ ကိုယ့်ကံကြမ္မာကိုကိုယ် ရဲရဲဝံ့ဝံ့ စိတ်တိုင်းကျ မဖန်တီးနိုင်တာတွေရယ်ကို ပြောလိုရင်းပါ ။ အတိတ်ကိုပြန် တွေးကြည့်ရင် မြန်မာနိုင်ငံရဲ့ အဓိကလူမျိုးကြီး ၈ မျိုးမှာ ကိုယ်ပိုင်စာပေ ၊ ကိုယ်ပိုင်ဓလေ့စရိုက်နဲ့ ကိုယ်ပိုင်သ မိုင်းများ ရှိနေပါလျှက်နဲ့ အဲဒါတွေကို ထိန်ချန်ဖျောက်ဖျက်ခံခဲ့ရတာတွေက ခုထိ အားကောင်းကောင်းနှင့် ခရီး နှင်နေဆဲ ။ ရုံးသုံးဘာသာက ဗမာ့လေသံနဲ့ဗမာစာ ( ရက္ခိုင့်အက္ခရာ) ၊ ကျောင်းသုံးသမိုင်းက ဗမာ့သမိုင်း ။ ထားပါတော့လေ ။ ဗမာ့ သမိုင်းကို အဓိက သင်ရိုးတစ်ခုအဖြစ်သင်တယ်ဆိုရင်တောင်မှ အခြားသောလူမျိုးတို့ရဲ့ တန်ဖိုးရှိတဲ့သမိုင်းတစ်ကွက်တလေလောက်ကိုတော့ အနည်းကျဉ်းထည့်သွင်းသင့်တာပေါ့လေ ။ ဒါပေမယ့် အ နော်ရထာ ၊ ကျန် စစ်သား ၊ အလောင်းဖုရား ၊ တပင်ရွှေထီး ၊ ဘုရင့်နောင် နဲ့ ပထမ ၊ ဒုတိယ ၊ တတိယမြန်မာ နိုင်ငံစသဖြင့် ဗမာ့ အထူးပြုဝါဒချဲ့သမိုင်းတွေကိုသာ တိုင်းရင်းသားအားလုံးက သင်ကြားနေရတာကတော့ ခက် တယ် ။ အင်္ဂလိပ် ခေတ်တုန်းက ကျောင်းတွေမှာ မြန်မာနိုင်ငံသားတွေက ဘာမဆိုင် ညာမဆိုင် ဂျော့ဘုရင်ကို ဂုဏ်ပြုရသလိုပဲ ခုချိန်ထိ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအားလုံးလည်း ဗမာဘုရင်ကိုချည်းပဲ ဘာမဆိုင်ညာ မဆိုင် ဂုဏ်ပြုနေ ကြရတာကတော့ ခက်လှချေရဲ့ပေါ့ ။ မလေးစားလို့မဟုတ်ပါဘူး ။ အပြန်အလှန်ဆိုတဲ့ သ ဘောလေး ရှိသင့်တာ ကို ဆိုလိုတာပါ ။ စာရေးသူတို့ ရခိုင်လူမျိုးတွေအဖြစ်က ပိုဆိုးပါတယ် ။ ဘယ်အချိန် ဘယ် တုန်းကမှ ပထမ ၊ ဒုတိယ ၊ တတိယမြန်မာနိုင်ငံမှာ ပါဝင်ခဲ့ခြင်းမရှိပါပဲ ဓည၀တီ ၊ ဝေသာလီ ၊ လေးမြို့ ၊ မြောက်ဦးတို့ရဲ့ ဘုရင် တွေကိုပဲ ဗမာမင်းတွေ စစ်နိုင်ခဲ့ကြသလိုလို ၊ ရခိုင်ပြည်ဆိုတာ ဗမာ့လက်အောက် ခံလိုလိုပြုလုပ်ထားကြတာက ဘာကိုရည်ရွယ်သလဲ တွေးချင်စရာ ။ သို့လော..သို့လော ပေါ့ ။
                 တကယ်တော့ ပြည်ထောင်စုဆိုတဲ့စကားဟာ ဘယ်လောက်အတိုင်းတာထိကျယ်ပြန့်သလဲ ။ ဘယ်လောက်ထိ အဓိပ္ပါယ်နက်နဲတဲ့စကားလုံးလဲဆိုတာကို အဲဒီစကားရဲ့ မူလဖန်ဆင်းရှင် မြန်မာ( ဗမာ) လူမျိုး အထက်တန်းလွှာ အာဏာရှင်များ သိကြပြီးသားပါ ။ ပြည်ထောင်စုထဲမှာလက်ရှိအကျုံးဝင်နေတဲ့ တိုင်းရင်းသား လူမျိုးကြီးတွေဟာလည်း ပြည်ထောင်စုရဲ့ ဘယ်လိုအဓိပ္ပါယ် ၊ ဘယ်လိုခံယူချက်နဲ့ ဘယ်လို အခွင့်ရေးတွေ ၊ ရပိုင်ခွင့်တွေကို သဘောတူလက်ခံခဲ့ကြလို့ ပြည်ထောင်စုဆိုတာကို ၀ိုင်းဝန်းတည်ဆောက်ခဲ့ကြသလဲ သိကြပြီး သားပါပဲ ။ ဒါပေမယ့် တကယ့်လက်တွေ့မှာ တိုင်းရင်းသားတွေလက်ခံထားတဲ့ ၊ လိုလားတောင့်တတဲ့ တန်းတူ ညီမျှရေး ၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရေးတို့ဟာ ရေမှာအရုပ်ရေးသလိုပဲ ဖြစ်ခဲ့ရတာ ခုချိန်ထိ ။ အဲဒါတွေကို ထား လိုက်ပါဦး ။ တိုင်းရင်းသားလူမျိုးတို့ရဲ့သမိုင်းလေးတစ်ပုဒ်လောက် ၊ ဘုရင်တစ်ပါးလောက်ရဲ့ ဘိုင်အိုဂရပ်ဖီလေး ကိုတောင် ကျောင်းပြဌာန်းစာအုပ်ထဲမှာ ကုပ်ကပ်ပြီးတောင် ထည့်မသုံးခဲ့ကြတာမျိုးက ဘယ်လမ်းကို လှမ်းနေ သလဲဆိုတာ တွေးကြည့်ချင်စရာပါ ။ သမိုင်းပျောက်ရင် လူမျိုးပါပျောက်တာဆိုတော့ … သို့လော..သို့လော တွေးရတာပေါ့လေ ။ တကယ်တော့ ရခိုင်အပါဝင် တိုင်းရင်းသားလူမျိုးတွေဟာ ရှေးအစဉ်ဆက်ကတည်းက သမိုင်းတင့်တယ်ခဲ့မှုတွေကို ကိုယ်တိုင်ထုတ်ဖော်ပြသခွင့်၊ ဂုဏ်ယူမော်ကြွားခွင့်နဲ့ ကြားသိတတ်မြောက်ခွင့်မရ သင့်ကြပေဘူးလား ။
                                                  ( သုံး )
                မြန်မာနိုင်ငံမှာ ပျူလူမျိးတို့မြို့တော်မဟုတ်တဲ့ ရှေးဦးမြို့တော်ဟောင်းနေရာတွေ အများအပြား ရှိပါတယ် ။ ရှမ်း ၊ ကရင် ၊ ကချင် ၊ မွန် ၊ ရခိုင် ပြည်နယ်တွေမှာ ရှေးဦးသမိုင်းကြွင်းမြို့တော်ရာတွေနဲ့ အခြား သော သမိုင်းကြွင်းတွေ အများအပြား ရှိနေပါတယ် ။ ရခိုင်မှာဆိုရင် ဓည၀တီကအစ ၊ မြောက်ဦးအထိ ရခိုင့် သမိုင်းအထင်ကရတွေက နေရာအနှံ့ပြည့်နှက်လို့ ရှိနေတယ် ။ ရှေးက နိုင်ငံတကာသမိုင်းပညာရှင်တွေက လည်း ဒါတွေကို တိတိကျကျ မြေတိုင်းကွက်တွေနဲ့ သက်သေထူထားခဲ့ပြီးပြီ ။ ဒါပေမယ့် ဒါတွေကို ရခိုင်လူမျိုး ကိုယ်စားပြု သမိုင်းမှတ်တိုင်အဖြစ် ထိန်းသိမ်းခွင့် ၊ ဖော်ထုတ် ခွင့်မရှိခဲ့တာက ဆိုးဝါးလွန်းလှတယ် ။ အထူးသ ဖြင့် လေ့လာဖော်ထုတ်မှုမပေးနိုင်သေးရင်တောင် မပျက်စီးရအောင် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားရ မှာပါ ။ ခုတော့ အဲဒီလိုမဟုတ်ပဲ မြို့ဟောင်းနေရာတွေမှာ ရထားလမ်းတွေ ၊ ကားလမ်းတွေဖောက် ၊ ဘူတာရုံ တွေဆောက်နဲ့ လုပ်နေကြတာတွေဟာ ရခိုင့်သမိုင်းကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးနေတယ်ဆိုတာ သိသာနေ သလိုပဲ ။ သေချာတာကတော့ ရထားမရှိရင် ကားနဲ့သွားလို့ ရပါတယ် ။ ကား မရှိရင် မော်တော် ဘုတ်နဲ့ ရေ ကြောင်းခရီးသွားလို့ ရပါတယ် ။ သမိုင်းကြွင်းတွေ ပျောက်သွားခဲ့ရင် ၊ ပျက်စီးသွားခဲ့ရင်တော့ အသစ်ပြန်လုပ် လို့မရဘူးဆိုတာပါပဲ ။ မြေကြီးသက်သေသမိုင်းကြွင်းတွေမှာ အန္တရာယ်ကို ရှောင်လွှဲနိုင်ဖို့လမ်းလွှဲမရှိတဲ့အ တွက် သူ့တည့်တည့်ကိုကျရင် ပျက်စီးရမှာကတော့ မြေကြီးလက်ခတ်မလွဲ ။ ရထားလမ်း ၊ ကားလမ်းနဲ့ ရခိုင် လူမျိုးတို့ရဲ့ မျိုးရိုးတင့်တယ်ခဲ့မှုပြယုတ် သမိုင်းကြွင်းတွေကို မက်လုံးပေးပြီး လဲလှယ်ပစ်နေကြတာလားလို့ပဲ မေးစရာရှိတော့တယ် ။ တစ်ခုရှိတာက တခြားနေရာလွတ်မရှိရင်တော့ တစ်မျိုးပေါ့လေ ။ ခုတော့..စာရေးသူတို့ ရဲ့ ရခိုင်ပြည်ကြီးက မြေပိုမြေလျှံတွေ ပေါမှပေါ ရှိနေပါလျှက်နဲ့များ ။
            ဒီနေ့ ကမ္ဘာ့နိုင်ငံတော်တော်များများဟာ တစ်ချိန်တုန်းက အင်အားကြီးနိုင်ငံတွေလက်အောက်ကို ( အထူးသဖြင့် အင်္ဂလိပ်လက်အောက်ကို ) ကျရောက်ခဲ့ဖူးကြပါတယ် ။ ကမ္ဘာစစ်ကြီးပြီးတော့ နိုင်ငံတိုင်းလိုလို လွတ်လပ်ရေးရခဲ့ကြတာမှာ တချို့နိုင်ငံတွေကတော့ အကြောင်းကြောင်းကြောင့် လွတ်လပ်ရေးမရပဲ  ကြွင်းကျန် နေခဲ့ပါသေးတယ် ။ ဥပမာ ဟောင်ကောင်တို့ဆိုရင် သူတစ်ပါးထိန်းချုပ်မှုအောက်ကလွတ်မြောက်ခဲ့တာ ၁၀ စုနှစ်တစ်ခုစွန်းရုံလေးပဲ ရှိပါသေးတယ် ။ ဒါပေမယ့် ဟောင်ကောင်ဟာ အဲဒီအတောတွင်းမှာ တရုတ်ထက်အ များကြီး တိုးတက်ပြောင်းလဲခဲ့တယ် ။ အာရှကျားလေးကောင်စာရင်းဝင်ခဲ့တယ် ။ ဒါပေမယ့် စီးပွားနည်းပညာ တိုးတက်တာက တိုးတက်တာပါ ။ ဟောင်ကောင်တို့ရဲ့ ယဉ်ကျေးမှု ၊ ဓလေ့စရိုက် ၊ ဘာသာစကားတွေ လုံးဝ မညှိုးမှိန်ခဲ့ပါဘူး ။ ဒါဟာ သူတစ်ပါးထိန်းချုပ်မှုအောက်က ဟောင်ကောင်ရဲ့ တိုးတက်ပြောင်းလဲခဲ့မှုပါ ။ အပြုသ ဘော ( အပေါင်းလက္ခဏာ) ဆောင်ခဲ့ပါတယ် ။ စာရေးသူဆိုလိုတာကလည်း အဲဒီလိုပါပဲ ။ ဘယ်သူပဲ အာဏာရ ရ ( သမ္မတဖြစ်ဖြစ် ) ၊ အုပ်ချုပ်ခံပြည်သူတွေကို တစ်သားတည်းညီမျှတဲ့ အခွင့်ရေးနဲ့ လုပ်ပိုင်ခွင့်ရရှိစေသင့် တယ် ။ အထူးသဖြင့် မြန်မာနိုင်ငံထဲက လူမျိုးကြီးတွေဟာ ရှေးအစဉ်ဆက်ကတည်းက ရာဇ၀င်တင့်ခဲ့တဲ့ ထီး ပြိုင် ၊ နန်းပြိုင် ၊ စင်ပြိုင်လူမျိုးတွေဖြစ်ခဲ့ကြတာကြောင့်လည်း ပိုပြီးအရေးကြီးပါတယ် ။ လွတ်လပ်ရေးကာလက ရေပန်းစားခဲ့တဲ့စကားတစ်ခွန်းလို ရခိုင်တစ်ကျပ် ၊ ဗမာတစ်ကျပ် ဆိုသလိုပေါ့လေ ။ တန်းတူညီမျှမှုဆိုတာ အဲသ လို ဖြစ်သင့်တာပေါ့ ။ ဒီစကားလေးက ငွေကြေးအရေတွက်ကိုပြောတာရယ်မဟုတ်ပါဘူး ။ အလုံးစုံသော ရသင့် ရထိုက်တဲ့အခွင့်ရေးတွေကို ရည်ရွယ်တာပါ။ သာတူညီမျှမှုကို ရည်ရွယ်တာပါ။ ဘယ်သူကမှ ဘယ်သူ့ရဲ့အထက် မှာ အခွင့်ထူးခံအဖြစ်ရှိမနေပဲ မျှတမှုကို ပြဆိုတာပါ ။ ဒါပေမယ့် အဲဒီစကားက စကားသာဖြစ်ပါတယ် ။ လက် တွေ့မှာ  ရခိုင်က တစ်ကျပ်မှ မရပါပဲနဲ့ ရှိရင်းစွဲအမွေနှစ်တွေကို ထုခွဲရောင်းချပြီးတော့ ဗမာအတွက် တစ်ရာ လောက်စီပြန်ပြန်ပေးနေရတာကတော့ လွန်ပဲလွန်လွန်းပါတယ် ။ 
                                                ( လေး )
                  ခုတလောလည်း ရခိုင်မှာ လူမျိုးခြား ၀န်ကြီးနဲ့ အုပ်ချုပ်ခံနေရပြီး တွေးစရာတွေ သို့လော ..သို့ လော ရှိလာပြန်ပါတယ် ။ ရခိုင်လူထုတို့ရဲ့ နှလုံးသားအင်အားတစ်ခုဖြစ်တဲ့ ရခိုင့်အမျိုးသားပါတီ ANP နဲ့ ရခိုင့် ခေါင်းဆောင်တချို့ကလည်း အပြဲပြဲအရွဲရွဲတွေ ရှိနေကြတော့ ရခိုင်လူထုရဲ့ စိုးရိမ်မှုတွေ တော်တော်လေးကို များ နေရတယ် ။ ဒီရက်ပိုင်းအတွင်းထူးခြားတာက လူမှုကွန်ယက်တွေမှာ ရခိုင့်အမျိုးသားပါတီရဲ့ သံတွဲညီလာခံသ တင်း ပြီးတော့ အခု ရခိုင်ရိုးရာကျင်ပွဲကို မြန်မာနပမ်းပွဲဆိုပြီး သုံးနှုံးနေတာကို ရခိုင်လူထုက လုံးဝ မခံမရပ်နိုင် ဖြစ်နေကြတဲ့ သတင်းတွေပါပဲ ။ ကြးရသမျှ နားဝမှာ မသက်သာလှချေ ။ ဒီလိုမျိုးကိစ္စဟာ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စ တစ်ခုပါ ။ ရခိုင်မှာ “ကျင် “ ဆိုတဲ့ စကားလုံးနဲ့ ဒီအားကစားဟာ သမိုင်းနဲ့ချီပြီး ရင့်ကျက်စွာ ထွန်းကား ဆင်းသက်လာခဲ့တဲ့ ကိုယ်ပိုင်အနုပညာ ဖြစ်တယ် ။ အမတ်ကြီး ဓမ္မဇေယျရဲ့ ဗျည်း ၃၃ လုံးလှေတော်သံမှာ ရခိုင်ဘုရင်ရဲ့ အမှုတော်ထမ်း အားကောင်းမောင်းသန် ကျင်သန်ကြီးများ( ကျင် ကစားရာတွင် ကျွမ်းကျင်သူ လူသန်ကြီး များ ) က တကောင်းသင်းတွဲသို့ လှေတော်ဖြင့်ခရီးထွက်ရာတွင် လှေလှော်ရသူများအဖြစ်ပါဝင် ကြကြောင်းကို ရေးစပ်ထားတာကို ထောက်ထားခြင်းအားဖြင့် ဝေသာလီခေတ်မတိုင်မီ ဓည၀တီခန့်မှာပင် ရခိုင် တို့ရဲ့ ကျင် ဆိုတဲ့စကားနဲ့ အနုပညာဟာ ပေါ်ပေါက်နေခဲ့ပြီး ဖြစ်ကြောင်းကို သဘောပေါက်ထားဖို့ လိုအပ်ပါ တယ် ။ ဒါဟာ ဘယ်လူမျိုး ၊ ဘယ်သူတွေရဲ့မူဟန်မှမဟုတ်တဲ့ ရခိုင့်ကိုယ်ပိုင်အနုပညာသာ ဖြစ်တယ် ။ ဒီလိုဖြစ် ရတာကလည်း တိုင်းရင်းသားတို့ရဲ့ ကိုယ်ပိုင်အနုပညာယဉ်ကျေးမှုတွေကို အဆက်ဆက် ထိန်ချန်ပဖျောက်နေ ခဲ့ကြတဲ့ အကျိုးဆက်ကြောင့်သာ ဖြစ်တယ်လို့ ယူဆမိပါရဲ့ ။ ခုတော့ သတိချပ်ချိန်တန်ပါပြီလေ ။ ဒီလိုမှမဟုတ် ရင် ရခိုင့်သမိုင်းအမွေနှစ်တွေက စကားလုံးအဖြစ်ကပါ ပျောက်ကွယ်ပျက်စီးသွားနိုင်ပါတယ် ။ စိုးရိမ်စရာပဲ ဆိုပါ တော့လေ ။ 
                  အမှန်ကတော့ ဘယ်အရာမဆို အကြောင်းခံနဲ့ပြုလုပ်သူနှစ်ခု တိုက်ဆိုင်မှသာ ဖြစ်ပေါ်လာခဲ့ရ တာပါ ။ လက်ခုပ်ဆိုတာ တစ်ဖက်တည်းနဲ့ အသံမမြည်ဘူးဆိုသလိုမျိုးပေါ့လေ ။ ရခိုင့်အရေးကိစ္စတိုင်းမှာလည်း ရခိုင်လူထုရဲ့အားကိုးယုံကြည်မှုကို ရယူထားတဲ့ ရခိုင့်ခေါင်းဆောင်တွေဘက်က လူထုမျှော်လင့်သလောက် တုံ့ ပြန်ပေးမှု မရှိကြတာကို တွေ့ရပါတယ် ။ ရခိုင်ပြည်ရဲ့ ဖက်ဒရေ ၊ ရခိုင်ပြည်ရဲ့ တန်းတူညီမျှရေး ၊ ရခိုင်လူမျိုးတို့ရဲ့ မွေးရာပါ သြဇာ ၊ ရခိုင့်သမိုင်း ၊ ရခိုင့်ရှေးဟောင်း အမွေနှစ် ၊ ရခိုင့် စာပေယဉ်ကျေးမှု ၊ ရခိုင့်ရိုးရာ ဓလေ့စရိုက်စ  တဲ့ အရာတွေကို သိဒ္ဒိတင်ကြတဲ့ ရခိုင့်ခေါင်းဆောင်တွေက ယုံကြည်မှု ၊ သတ္တိနဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်မြင့် မားဖို့ လိုပါတယ် ။ နိုင်ငံရေးနဲ့ပတ်သက်ရင်လည်း ရခိုင့်နိုင်ငံရေးဟာ Road Map နိုင်ငံရေးအဆင့်သာ ဖြစ် တယ် ။ မိမိကိုယ်တိုင်ခံယူချက်နဲ့ချပြတဲ့ဥပဒေ ၊ ဆွဲနွေးမှုတို့မရှိပဲ နောက်လိုက်နိုင်ငံရေးအဆင့်နဲ့သာ ခရီး ဆက်နေကြတာကို တွေ့ရတယ် ။ ရခိုင်က ဦးဆောင်ပြီးတင်ပြတာတို့ ၊ ရေးဆွဲပေးရတာတို့ တစ်ခါမှ မရှိခဲ့ပါ ဘူး ။ ဒါကြောင့်လည်း ရခိုင့်နိုင်ငံရေးဟာ မြန်မာနိုင်ငံမှာ ကျန်တဲ့လူမျိုးတွေထက် အမြဲတမ်း နောက်ကျကျန်နေ ရစ်ခဲ့တာမျိုး (သို့မဟုတ်) သူများတွေရေးဆွဲတင်ပြထားတာတွေကိုပဲ ထောက်ခံ ၊ ပယ်ချလုပ်ရတာမျိုး ၊ မဖြစ်မ နေလုပ်ရတော့မယ့်ကိစ္စမျိုးကို ကျောသပ်ချေားမော့နှစ်သိမ့်စကားလုံးတွေနဲ့ လျှော်ပေးလိုက်ရတာမျိုးတွေက မဆန်းတော့သလိုပါပဲ ။ ဒီတစ်ကြိမ်မှာလည်း ကြီးလေးကြီး နိုင်ငံရေးထိပ်သီးတွေ့ဆုံပွဲမှာ ရခိုင့်နိုင်ငံရေးခေါင်း ဆောင်များ ၊ ပါတီခေါင်းဆောင်များ လုံးဝ ပါဝင်ခဲ့ခြင်း မရှိခဲ့တာတွေ့ရတယ် ။ ဒါဟာ ရခိုင့်နိုင်ငံရေးခေါင်းဆောင် တွေကို မြန်မာနိုင်ငံရေးလမ်းစဉ်အတွက် ဘယ်လိုသဘောထားသလဲဆိုတာ ပြသလိုက်သလိုပါပဲ ။ ဒီလိုပုံစံ အတိုင်နဲ့များ ဘယ်လိုလုပ်ပြီး တစ်ထောင့်တစ်ညအိမ်မက်တွေထဲက ရခိုင့် ခေါင်းဆောင်တွေ နိုးထနိုင်ပါ့မလဲ ။ ရခိုင်ပြည်ကြီး နိုးထခွင့်ရပါ့မလဲ ။ ရခိုင်လူမျိုးတွေ သူများနဲ့တန်းတူ အခွင့်ရေး ဘယ်တော့ ရကြမလဲ ။ ငုပ်ချိုး နေရတဲ့ ရခိုင့်သမိုင်းကြောင်းတွေ ဘယ်တော့ ပြန်လည်တင့်တယ်လာနိုင်ပါ့မလဲ ။ နှစ်ပါင်း ၂၃၀ ရှိလာပြီဖြစ်တဲ့ သက်တမ်းရင့် တစ်ထောင့်တစ်ညပုံပြင်ကို နားရည်ဝနေအောင်နားထောင်ကောင်းကြသူ ရခိုင့်ခေါင်းဆောင်များ ပြုပြင်သင့်တာလေးတွေကို မရှက်မကြောက် ပြုပြင်ရန်သင့်ပါပြီ ။ ရခိုင်လူမျိုးနဲ့ ရခိုင့်ဂုဏ်ဒြပ်တွေ ရခိုင့်ခေါင်း ဆောင်တွေကိုအားကိုးရင်း လုံးပါးပါး ပျက်စီးသွားရအောင်တော့ မလုပ်ကြပါနဲ့…လို့…သာ ။။
...........
ရက္ခ 

Monday, March 14, 2016

ဓမ္မစကားများ

"အင်္ဂလိပ်- မြန်မာ နှစ်ဘာဖြစ်မေတ္တာပို့ လေးပါ။"
Friday, March 14, 2014

★ May you be passing the Goody Days, Wonderful Days, 
Precious Days!
မင်္ဂလာရှိသော နေ့ရက်များကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ကြပါစေ။

★May you be having Graceful Days!
ကျက်သရေမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံသော နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေ။

★May you be Healthy & Happy!
အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေ။

★Sharing Merits to all Living Beings
အားလုံးသော သတ္တ၀ါအပေါင်းတို့အား မေတ္တာပို့သခြင်း

★ Sabbe sattā - May All Beings Be
သဗ္ဗေသတ္တာ - အလုံးစုံသော သတ္တဝါတို့သည်

★ Averā hontu - Free From Enmity, Dangers
အဝေရာ ဟောန္တု - ဘေးရန် ကင်းကြပါစေ။

★ Abyāpajjā hontu - Free From Ill-will, Anxieties, Worries
အဗျာပဇ္ဇာ ဟောန္တု - စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။

★ Anighā hontu - Free From Sufferings, Grief
အနီဃာ ဟောန္တု - ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။

★Sukhiattānaṁ pariharantu - May They Keep Themselves Happily...
သုခီ အတ္တာနံ ပရိဟရန္တု - မိမိတို့ ခန္ဓာဝန်ကို ချမ်းသာစွာဖြင့် ရွက်ဆောင် နိုင်ကြပါစေ...

1. May all beings be happy and secure!
လုံးစုံများစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။

2. May all beings, feeble or strong, be happy and secure!
ကြောက်တတ် မကြောက်တတ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။

3. May all beings, long, medium or short, be happy and secure!
ရှည်တိုအလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။

4. May all beings, great, medium or small, be happy and secure!
ကြီးငယ်အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။

5. May all beings, seen or unseen, be happy and secure!
မြင်အပ် မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။

6. May all beings, living far or near, be happy and secure!
ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။

7. May all beings, unborn or being born, be happy and secure!
ဘ၀ကုန်ဆုံး၊ ဖြစ်တုန်းများစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

8. Let none deceive another.
လှည့်ပတ်စိတ်သွင်း၊ အချင်းချင်း ကင်းရှင်းကြပါစေ။

9. Let none despise another.
ထင်သေးစိတ်သွင်း၊ အချင်းချင်း ကင်းရှင်းကြပါစေ။

10. Let none get angry wishing misery to others.
ဒေါသစိတ်သွင်း၊ အချင်းချင်း ကင်းရှင်းကြပါစေ။

11. May they all be free from ailment, enmity and happy in peace!
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး၊ ငြိမ်းအေးကြပါစေ

**.._(())_._/|\_.._/|\_.._/|\_._(())_..**

★ Buddhaṁ pūjemi - May I worship the 'Enlightened One'
ဗုဒ္ဓံ ပူဇေမိ - ဂုဏ်တော်ကိုးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်ဗုဒ္ဓအား ရိုသေစွာ ရှိခိုးကန်တော့ပါ၏။

★ Dhammaṁ pūjemi - May I worship the 'Doctrine, the Law'
ဓမ္မံ ပူဇေမိ - သမ္မာသမ္ဗုဒ္ဓ ဟောကြားတော်မူခဲ့သော တရားတော်မြတ်အပေါင်းအား ရိုသေစွာ ရှိခိုးကန်တော့ပါ၏။

★ Samghaṁ pūjemi - May I worship the 'Order of Samgha'.
သံဃံ ပူဇေမိ - ဘဂ၀ါဘုန်းရှင်တော်မြတ်၏ တပည့်သားသံဃာတော်မြတ်အပေါင်းအား ရိုသေစွာ ရှိခိုးကန်တော့ပါ၏။

**..._/|\_..Sādhu..Sādhu..Sādhu.._/|\_...**
**_(())_..._/|\_..သာဓု..သာဓု..သာဓု.._/|\_..._(())_**

Dhamma Mingalar ထံ မှပြန်လည်ကုသိုလ်ပြုပါသည်။
နှလုံးသားအာဟာရ

Thursday, March 10, 2016

"ငါးမရတော့ ရေချိုးလို့ပြန်ခဲပြီ..."

        " ငါးမရတော့ ရေချိုးပြီးပြန်ခဲ့ပြီ... " 

           ငါးတွေ သွားဖမ်းတာတော့မဟုတ်ပါ။ ဒီစကားလေးကိုသတိရလို့ ခေါင်းစီးတပ်ပြီး ဒီပို့စ်ကိုရေးလိုက်ရခြင်းသာ ဖြစ်ပါတယ်။ 
ငယ်ငယ်ကတည်းငါးဖမ်းဝါသနာပါခဲ့သူမို့ 
ငါးဖမ်းကြမယ်ဆိုရင်ဘဲ မနေတတ်၊ မထိုင်တတ်ဖြစ်နေဆဲပါဘဲ။ " ဆိုင်းသံ၊ ဗုံသံကြားရင် မနေနိုင်မထိုင်နိုင် ထပြီးကတတ်တဲ့ လူစားတွေလိုပေါ့ "။ 
                 စကားတွေ ဘေးထွက်ကုန်ပါပြီ။ ဒီလို အမြဲတမ်းပါဘဲ၊ တခုခုပြောတော့မယ်ဆိုရင် ဘယ်တော့မှလိုရင်းကို မရောက်ဘူး။ ရှည်ကို ရှည်တယ်... ပေရှည်တာကို ပြောပါတယ်။ ထားပါတော့ ထားပါတော့။ 
                  လွန်ခဲ့တဲ့(၂)ပတ်လောက်ကစပြီးတော့ ကျနော်တို့အလုပ်မှာ အလုပ်ချိန်အပြောင်းအလှဲယ်တွေ လုပ်ခဲ့ကြတယ်။ ပုံမှန်ဆို တနင်္လာနေ့ကနေ သောကြာနေ့ထိ၊ အခုဟာက တနင်္ဂနွေနေ့ကနေ ကြဿပတေးနေ့ထိ ဖြစ်သွားတာ။ တနင်္ဂနွေနေ့တွေမှာ အလုပ်မလုပ်ချင်လို့ လွန်ခဲ့တဲ့နှစ်အစလောက်ကနေ တခြားဌာနတစ်ခုကို ပြောင်းခဲ့တာ။ ကံကိုဘဲ ယိုးရမှာလားမသိတော့ပါဘူး၊ အခုလုပ်နေတဲ့ဌာနမှာ (၁)နှစ်လောက်ဘဲလုပ်ရပါသေးတယ် ဟော... အခုအချိန်တွေ၊ ရက်တွေပြောင်းကုန်ပြီ။ 
               ဒါပေမယ့်ဘယ်တတ်နိုင်မှာလဲနော်... အခြေအနေကြည့်ပြီး မီးစင်ကြည့်ကရတာပေါ့။ ဒါမှမဟုတ် မနက်အလုပ်ချိန်ကိုပြောင်းရုံမှတပါး အခြားမရှိတော့ပါ။ ပြဿနာက လွန်ခဲ့တဲ့(၂)ပတ်ကမှ စတာပါ၊ အလုပ်ချိန်တွေပြောင်းပြီး အလုပ်ဆင်းကြတော့ အလုပ်ရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ ကြဿပတေးနေ့ကို PTO(လစာမဲ့ ခွင့်ရက်)တဲ့။ ဒါမှမဟုတ် Vacation နဲ့ ချိန်းမလားတဲ့။ ကိုယ်ကလည်းဘယ်ရမလဲ၊ ကိုယ့်ရဲ့အားလပ်ရက်ကို အရှုံးဆုံး ဘယ်ခံမလဲ။ ဒါနဲ့ဘဲ PTO ယူလိုက်ရော။ 
နောက်တပတ်ကျပြန်တော့လည်း တခါကြားရပြန်ပြီ... PTO ယူမှာလားတဲ့၊ ဒီတခေါက်တော့ကိုယ်လည်း ခေါင်းကိုက်သွားတာပေါ့။ 
ပြီးခဲ့တဲ့အပတ်ကလည်း ယူထားပြီးပြီ၊ ဒီအပတ်ပါယူထားလိုက်ရင် ဝင်ငွေအခြေအနေမကောင်းတော့ဘူး။ ကိုယ်တို့မိသားစုမှာလည်း Payments တွေက ခပ်များများ။ 
ဒါနဲ့မျက်စိပိတ်ပြီး ပြောပလိုက်တယ် " Vacation " ယူတော့မယ်လို့... ပေါ့။ 
                   ဟော... ဒီတစ်ပတ်ကျပြန်တော့လည်း လာပြန်ပြီနောက်တမျိုး။ Qualify ဖြစ်တဲ့လူတွေက တစ်ခြားဌာနမှာ အလုပ်ဆင်းရမယ်၊ ကိုယ်တို့ဌာနက အလုပ်ပါးလို့ပါတဲ့။ 
ဒါကသက်သက်မဲ့ လုပ်ကြံခံရတာ၊ 
အရင် Supervisor တုန်းကဆို ဘာပြဿနာမှ မရှိခဲ့ဘူး။ အခုက တခြားဌာနကပြောင်းလာတဲ့ Supervisor က နည်းနည်းလောက် 
ပါဝါပြချင်နေပုံရတယ်။ 
ဘယ်တတ်နိုင်မလဲနော်... နောက်ဆုံးတော့တခြားဌာနမှာ သွားလုပ်ရတာပေါ့။ မနေ့ညကလည်း အလုပ်ချိန်မပြည့်ဘူး၊ အလုပ်ချိန် (၇)နာရီလောက်ဘဲရတယ်။ ဒါနဲ့ 
ကိုယ်လည်းဘဲ Supervisor ကိုပြောပြီး 
ကိုယ်တို့ဌာနမှာ ပြန်ပြီးသွားလုပ်မယ်ပြောတော့၊ အဲဒီကို သွားလုပ်လို့မရတော့ဘူး ဒီကပြီးတာနဲ့ အိမ်ကိုတန်းပြန်ရုံပါဘဲတဲ့။ 
                ဪ... တော်တော်တရားကျဖို့ကောင်းလိုက်တာ ယူအက်စ်အေ။ 
" အသုံးလိုတော့ ပြုံးရွှင်နေတဲ့ သူ့မျက်နှာ၊ အသုံးမလိုတော့ရင်လည်း ခြွေရန်ယူတဲ့ သူ့လက်မှာ ငါဟာ... ပန်းကလေးတစ်ပွင့်လိုပါဘဲလား။ " 
ကိုယ်ရေးခဲ့ဖူးတဲ့ ကဗျာလေးကိုသတိရသွားတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း " လာချင်အုံးဟဲ့... ယူအက်စ်အေ " လို့ ညည်းတွားရင်းနဲ့ ငါးမရတော့ရင်လည်း ရေချိုးပြီးတော့ ပြန်တော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။ အလုပ်ပြီးတာနဲ့ အိမ်ကိုတန်းမပြန်တော့ဘဲ Gym Room ကိုသွားပြီး (၁၆၀)ကျော်နေပြီဖြစ်တဲ့ ဝတုတ်ပေါက်စလေးကို အဆီချဖို့မှတပါး တခြားနည်းလမ်းတွေလည်း မရှိတော့ဘူးလေကွယ်...။ 

Maung Khine (02/23/2016 - Wed) 

" မီး (၁၁) ပါး ..."

"မီး (၁၁) ပါး"

(၁) ရာဂမီး (လောဘမီး) – တပ်မက်နှစ်သက်ရသဖြင့် ပူလောင်ခြင်း။

(၂) ဒေါသမီး – အမျက်ထွက်၊ စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။

(၃) မောဟမီး – အဟုတ်အမှန်ကို မမြင်မသိရသဖြင့် ပူလောင်ခြင်း။

(၄) ဇာတိမီး – ပဋိသန္ဓေနေရမှု၊ ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။

(၅) ဇရာမီး – အိုမင်းရသဖြင့် ပူလောင်ခြင်း။

(၆) မရဏမီး – သေကြေပျက်စီးရသဖြင့် ပူလောင်ခြင်း။

(၇) သောကမီး – စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း။

(၈) ပရိဒေ၀မီး – ငိုကြွေးရသဖြင့် ပူလောင်ခြင်း။

(၉) ဒုက္ခမီး – ဒုက္ခဆင်းရဲကြောင့် မသာယာသဖြင့် ပူလောင်ခြင်း။

(၁၀) ဒေါမနဿမီး – စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။

(၁၁) ဥပါယာသမီး – ပြင်းစွာပူပန်မှု၊ ဆို့တက်မေ့မြောသွားမှုများဖြင့် ပူလောင်ခြင်း။
...........................................................

" လောဘမီး ... ဒေါသမီး ... သောက ပရိဒေ၀မီးဆိုတဲ့
မီး ၁၁ ပါး လောင်ကျွမ်းနေတဲ့ 'အရူးမီးဝိုင်း'ဘ၀က 
လွတ်အောင် ကြိုးစားကြဖို့ အရေးကြီးတယ်ကွဲ့ နော် "

(ရွှေဥမင်ဆရာတော်ကြီး)

Tuesday, March 8, 2016

ပြောင်းလဲချိန်တန်ပြီ...

"လူကြီးတွေကို အရင်သင်ရမယ်" 
ဒီစကားလေးကိုကြိုက်လို့ ကြုံခဲ့ဖူးတဲ့ကိစ္စတခုကို ပြောပြချင်ပါတယ်။ 

နိုင်ငံခြားမှာနေထိုင်တဲ့ ကျနော်တို့မြန်မာလူမျိုးတွေအနေနဲ့ ဘုန်းကြီးကျောင်းတကျောင်းရှိအောင် ကြိုးစားရုန်းကန်ပြီးသကာလ၊ ကျောင်းထိုင်ဘုန်းကြီးတပါးလည်း အဆင်သင့်ရရှိခဲ့ပါတယ်။ တနေ့ နွေရာသီကျောင်းပိတ်ရက်မှာ ရင်သွေးငယ်တွေအတွက် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ဖို့ ကျနော်တို့မိဘတွေအစည်းအဝေးထိုင်ကြပါတယ်။ 
မိဘတော်တော်များများကတော့ ဘာလုပ်မယ်၊ ညာလုပ်မယ်နဲ့ မိုးလုံးလျှံတဲ့စကားတွေသုံးကြပါတယ်။ 
ကျနော်လည်း မအောင့်အီးနိုင်တော့ဘဲ 
" ခလေးတွေကို ယဉ်ကျေးလိမ္မာသင်တန်းပေးမယ်ဆိုရင်၊ မိဘဖြစ်တဲ့လူကြီးတွေကိုလည်း သင်တန်းအရင်ပေးရမယ်လို့ "ပြောလိုက်ရော အကုန်လုံးရယ်ကြတယ်။ 
ကျနော်ကထပ်ပြောလိုက်ပါတယ်... 
" ခလေးတွေ ယဉ်ကျေးလိမ္မာဖို့အတွက်၊ လူကြီးတွေအရင်ယဉ်ကျေးလိမ္မာဖို့ အလွန်အရေုးကြီးပါတယ်လို့ " 
ဒါပေမယ့် ကျနော့်စကားတွေကို ဘယ်လိုသဘောပေါက်နားလည်သလဲတော့မသိဘူး၊ လူကြီးတွေအတွက် ဘာသင်တန်း(ဥပမာ အဘိဓမ္မာသင်တန်းစသည်ဖြင့်) မှ မရှိခဲ့ပါဘူး။ 
အနှစ်ချုပ်ကတော့ ရင်သွေးငယ်တွေအတွက် ယဉ်ကျေးလိမ္မာသင်တန်းလည်း ခလေးချင်းရန်ဖြစ်စကားများရင်း လူကြီးတွေထိပါလာလို့ (၂)ပတ်(၂ရက်တည်း/တနင်္ဂနွေဘဲသင်လို့)နဲ့ သင်တန်းပြီးသွားခဲ့ရပါတယ်။ 

* အစည်းအဝေးခေါ်ရင်လည်း မရောက်တဲ့လူကများများ၊ ရောက်လာတဲ့လူတွေလည်း ခေါ်တဲ့အချိန်ထက် အမြဲတမ်း နာရီဝက်လောက် နောက်ကျပြီးမှ လာတတ်တာ အခုချိန်ထိပါဘဲ။
ကျနော်တို့မြန်မာတွေရဲ့စိတ်ဓာတ်ကတော့ အံ့မခန်းပါဘဲ။ 
* ဒါတောင် " ပြောင်းလဲချိန်တန်ပြီ " ဆိုတဲ့စကားနဲ့ တလောတုန်းက သူငယ်ချင်းတယောက်နဲ့ စကားများကြသေးတယ်။ 
ကျနော်ပြောလိုက်တဲ့စကားကတော့ " မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ် ပြောင်းလဲချိန်တန်ပြီ " လို့။ 
မကောင်းတဲ့ စနစ်၊ မကောင်းတဲ့ အကျင့်၊ မကောင်းတဲ့ စိတ်ဓာတ်တွေကို မပြုပြင်၊ မပြောင်းလဲသမျှ ကျနော်တို့နိုင်ငံနဲ့ လူမျိုးတွေ ဘယ်တော့မှကောင်းစားမှာ မဟုတ်ဘူး။ 

Sunday, March 6, 2016

မြန်မာစကားပုံများ

မြန်မာစကားပုံများ (က မှ အ အထိ)
=====================

က

၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”

၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား”
၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စားမနိုင်”
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသည်”
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျားဝင်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးလေးပြင်”
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်သက်”
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”


၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၎. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...ခါးကမသန်”
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်မ”
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်”

၁. “ဂိုက်ကောင်း..ဆိုက်ကောင်း”


၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”
၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”
၃. “ငိုချင်ရက်...လက်တို့”
၎. “ငွေမရှိ...စကားမတည်”


၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ”
၂. “စကားနောက် တရားပါ”
၃. “စုပ်လဲဆူး..စားလဲရူး”
၎. “စည်းကမ်းသည်..လူ့တန်ဖိုး”
၅. “စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ...ဆေးရိုးသည်က ကန့်လန့်”
၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တ၀င်းဝင်း”
၇. “စိုင်ကော်လို့...ချုံပေါ်ရောက်”
၈. “စကားနည်း...ရန်စဲ..”
၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...”
၁၀. “စစ်မရောက်ခင်..မြှားကုန်”
၁၁. “စလယ်ဝင်... -င်မမည်းခင်.ကွဲ”
၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ”
၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ”
၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ”
၁၅. “စကောလောက်မှ..စောက်မနက်”
၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း”
၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်”
၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်”
၁၉. “စစ်ရောက်မှ...မြှားချွန်”


၁. “ဆရာမပြ..နည်းမကျ”
၂. “ဆရာထက်..တပည့်လက်စောင်းထက်”
၃. “ဆင်သွားရင်.လမ်းဖြစ်တယ်”
၎. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်”
၅. “ဆရာများ..သားသေ”
၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ”
၇. “ဆင့်ပါးစပ်...နှမ်းပက်”
၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး”
၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ”
၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်”
၁၁. “ဆရာ့ထက်..သားတစ်လကြီး”
၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်”
၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့”
၁၄. “ဆုပ်လည်းစူး...စားလည်းရူး”
၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ”
၁၆. “ဆန္မရွိ...ေ-ာက္စားႀကီး”
၁၇. “ဆင်စွယ်မှန်..ပိုးမစား”
၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်”
၁၉. “ဆပ်ပြာသည်..လင်ပျောက်”
၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်”


၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား”
၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်”
၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီးလောက်ကုသိုလ်ရ”
၎. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”


၁. “တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်”
၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်”
၃. “တလုတ်စားဖူး သူ့ကျေးဇူး”
၎. “တီးတိုးတီးတိုး သဖန်းပိုး”
၅. “တစ်ရွာ..တစ်ကျီဆောက်”
၆. “တပည့်မကောင်း ဆရာ့ခေါင်း”
၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ”
၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး”
၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား”
၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်”
၁၁. “တရားမပျက်...ကျောင်းမခက်”
၁၂. “တစ်ယောက်စကား...တစ်ယောက်နား”
၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်”
၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခတ်”
၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိတောက်”
၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ”
၁၇. “တစ်နွယ်ငင်...တစ်စင်ပါ”
၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း”
၁၉. “တောပြော..တောင်ပြော”
၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်”
၂၁. “တစ်လ.ကိုးသီတင်း”
၂၂. “တိတ်တိတ်နေ..ထောင်တန်”
၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း”
၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့”
၂၅. “တော်သလင်းနေ ပုစွန်သေ”
၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်”
၂၇. “တောင်လဲရာ...မြက်ပြတ်”
၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလည်း ကြက်သွန်”
၂၉. “တတ်သည့်ပညာ...မနေသာ”
၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး”
၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း”
၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ”


၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ”
၂. “ထောင်မြင်ရင် ရာစွန့်”
၃. “ထမင်းရည်ပူ..လျှာလွှဲ”
၎. “ထမင်းကြမ်းက..အငွေ့ထွက်ချင်”
၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်”
၆. “ထီးဖြူ..ဖိနပ်ပါး”
၇. “ထောင်အပြင်..တန်းမရှိ”
၈. “ထိပ်ပေါက်မှ..ထိမှန်းသိ”
၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်”
၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့”
၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်”
၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်”
၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်”
၁၄. “ထားရာနေ...စေရာသွား”
၁၅. “ထုံးလိုမွှေ..ရေလိုနှောက်”
၁၆. “ထုလေ.မာလေ..ငါးဖယ်တေ”
၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး”
၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ”
၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်ဝင်ရိုးထုံးစံမရှိ”


၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”
၂. “နွားရှေ့ထွန်ကျူး”
၃. “နတ်ကရာ...ကျီးမော့”
၎. “နေရိပ်လို..နေပူကစောင့်”
၅. “နီးရာပေါင်..ပြေးကပ်”
၆. “နှုတ်တစ်ရာ စာတစ်လုံး”
၇. “နွားကွဲရင်....ကျားဆွဲ”
၈. “နဂိုရှိမှ...နဂိုင်းထွက်”
၉. “နောင်ခါလာ..နောင်ခါဈေး”
၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်”
၁၁. “နီးရာဓား...ကြောက်ရတယ်”
၁၂. “နေသာသပ...လေညာက”
၁၃. “နွားသိုး.ကြိုးပြတ်...”
၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်”
၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်”
၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”
၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား”
၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်”
၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်”
၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်းဝန်ထက်ကဲ”
၂၁. “နောင်တဆိုတာ..နောင်မှရ”
၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း”
၂၃. “နေပူတုန်း...စပါးလှန်း”
၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး”
၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်”
၂၆. “နှာရည်စိုရွှဲ...တပို့တွဲ”
၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်”
၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း”
၂၉. “နဖူးစာ...ရွာလည်”
၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့”
၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ”
၃၂. “နွားအို...မြက်နုကြိုက်”


၁. “ပညာရှိသတိဖြစ်ခဲ”
၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်”
၃. “ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊ တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်”
၎. “ပညာရှာ ပမာသူဖုန်းစား”
၅. “ပညာရွှေအိုး လူမခိုး”
၆. “ပွဲပြီး မီးသေ”
၇. “ပိုနေမြဲ..ကျားနေမြဲ”
၈. “ပျော်ပျော်နေ သေခဲ”
၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...”
၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..”
၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်”
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃. “ပွဲလန့်တုန်း.ဖျာခင်း”
၁၄. “ပြောတော့မူး..လူးတော့အိုင်”
၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရင်မေ့”
၁၆. “ပျာသလောက်...ဖွဲမထွက်”
၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ”
၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်းဆောင်”
၁၉. “ပညာရှိအမျက်..အပြင်မထွက်”
၂၀. “ပုလင်းတူ...ဘူးဆို့”
၂၁. “ပညာလို...အိုသည်မရှိ”
၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်”
၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်”
၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ”
၂၅. “ပါးစပ်က..ဘုရား.ဘုရား..လက်က..ကားယား.ကားယား”
၂၆. “ပျားအုံကို..တုတ်နဲ့ထိုး”
၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်”
၂၈. “ပညာရဲရင့်...ပွဲလယ်တင့်”
၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း”
၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်”
၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစားနဲ့..
၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်”
၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး”
၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်”
၃၅. “ပါးပုပ်၍..လက်ဝှက်သည်”
၃၆. “ပြဿနာမရှိ...ပြဿနာရှာ”
၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ”
၃၈. “ပျားရည်နဲ့ဝမ်းချ”
၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း”
၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ”
၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..”
၄၂. “ပလီစိ...ချောက်ချက်”
၄၃. “ပါးစပ်ပါ..ရွာရောက်”
၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ”
၄၅. “ပလူမွှေး..ပလူတောင်”
၄၆. “ပေါက်တဲ့ နဖူး မထူး”
၄၇. “ပိုးဖလံမျိုး...မီးကိုတိုး”
၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်”
၄၉. “ပြန်မပြော....နားမထောင်”
၅၀. “ပုထုဇနော..ဥမ္မတကော”


၁. “ဖောင်စီးရင်း ရေငတ်”
၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့”
၃. “ဖြစ်သမျှအကြောင်း..အကောင်း”
၎. “ဖွတ်မရ...ဓားမဆုံး”
၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျလဲ..ဖတ်ပေါက်”
၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမသိ”
၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ”
၈. “-င်မနိုင်ဘဲ..ပဲကြီးဟင်းစား”
၉. “ဖွတ်ကျော..ပြာစု”
၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်”
၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်”
၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်”
၁၃. “ဖာတစ်လုံး..ခေါင်းကျား”


၁. “ဘနဖူး သိုက်တူးမယ့်သူ”
၂. “ဘူးကောင်းမှ စင်ခံ”
၃. “ဘမျိုး...ဘိုးတူ”


၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်စား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချင်နဲ့”
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”


၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန်ကမတိုး..ပိုက်ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”


၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၎. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..၀ါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိဝမ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရွာနားကမြက်...ရွာနွားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”


၁. “လူလိမ္မာသား ယဉ်ပါး”
၂. “လသာတုန်း ဗိုင်းငင်”
၃. “လည်လွန်းတဲ့ဘီး ချီးသင့်”
၎. “လူမိုက်သား ရမ်းကား”
၎. “လင်ကိုဘုရား..သားကိုသခင်”
၅. “လယ်ထွန်သွား..နွားမေ့”
၆. “လူပျို့လက်..၀က်မြီး”
၇. “လိုတာမရ...ရတာမလို”
၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”
၉. “လမ်းမသိ....ခွေးနောက်လိုက်”
၁၀. “လူမလေး....ခွေးမခန့်”
၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ”
၁၂. “လူတူမရှား...နာမည်တူမရှား”
၁၃. “လူ့အလို..နတ်မလိုက်နိုင်”
၁၄. “လူအကြောင်း..ပေါင်းမှသိ”
၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”
၁၆. “လှတာမက်ရင်...ညစာခက်တယ်”
၁၇. “လှေအဆင်း...ကုန်းအတက်”
၁၈. “လူ့စည်း..ဘီလူးစည်း”
၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”
၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”
၂၁. “လူပြောမသန်...လူသန်မပြော”
၂၂. “လာမယ့်ဘေး...ပြေးတွေ့”
၂၃. “လင်နဲ့မယား...လျှာနဲ့သွား”
၂၄. “လွတ်တဲ့ငါး..ကြီး”
၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လင်းနို့”
၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”
၂၇. “လိုက်လေ...ဝေးလေ”
၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..ကံလည်းမ”
၂၉. “လူပျင်းလုံ့လ..တစ်ခဏ”
၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”
၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”
၃၂. “လျင်သူ...စားစတမ်း”
၃၃. “လှေနံ..နှစ်ဖက်နင်း”
၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”


၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့”
၂. “၀ါးလုံးခေါင်းထဲ..လသာ”
၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”
၎. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်”


၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”
၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”
၃. “သူခိုးပြေးမှ ထိုးကွင်းထ”
၎. “သေချင်တဲ့ကျား တောပြောင်း”
၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်တွေ့”
၆. “သတိမမူ ဂူမမြင်”
၇. “သခွပ်ပင်က..မီးတကျည်ကျည်”
၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှန်းမြောက်မှန်းမသိ”
၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”
၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”
၁၁. “သားသမီးမကောင်း မိဘခေါင်း”
၁၂. “သက်ကြီးစကား သက်ငယ်ကြား”
၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”
၁၄. “သေမြေကြီး....ရှင်ရွှေထီး”
၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ”
၁၆. “သားကိုသခင်..လင်ကိုဘုရား”
၁၇. “သားရေပေါ်အိပ်...သားရေနားစား”
၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”
၁၉. “သိသာသိစေ...မမြင်စေနဲ့”
၂၀. “သဲထဲရေသွန်”
၂၁. “သမီးမွေးမှ...ဓားတသွေးသွေး”
၂၂. “သူများတံတွေးခွက်....ပက်လက်မျော”
၂၃. “သူခိုးကျင့်...သူခိုးကြံ”
၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားကောင်”
၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”
၂၆. “သခင်အားရ...ကျွန်ပါးဝ”
၂၇. “သူတော်ကောင်း..နတ်ကောင်းမ”
၂၈. “သူခိုးက..လူဟစ်”
၂၉. “သူခိုးရွှေရ...တပြပြ”
၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”
၃၁. “သမင်မွေးရင်း...ကျားစားရင်း”
၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”
၃၃. “သားသမီးယုံ...စုံလုံးကန်း”
၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”
၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်”
၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”
၃၇. “သစ်မရခင် ၀ါးကူ”
၃၈. “သောင်မတင်..ရေမကျ”
၃၉. “သူ့ဆန်စား ရဲရ”
၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”
၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”
၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”


၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”
၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”


၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”


၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၎.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တစ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်"

Credit to ပညာပေးသော ကမ္ဘာကျော် စကားလုံးများ