သင်သေရင် ဘာစိတ်နဲ့သေမည်နည်း...
ဘာကြောင့် တရားအားထုတ် ကြတာလဲ လို့မေးရင်
====================================
သေလည်းသေတတ်ဖို့၊
နေလည်းနေတတ်ဖို့။
သေကြတာချင်းအတူတူပဲ။
သေပုံသေနည်းတွေ ကွဲကြလို့။
ပုထုဇဉ် တို့ သေကြ တော့မယ်ဆိုရင်
"အမ လေး...ငါသေရ တော့မှာပဲ။
ငါဒီတောင် က ကျော်နိုင် မှာ မဟုတ်ဘူး။
မ သေခင် က လေး မှာစရာရှိတာတွေမှာချင် လို့ပါ။"
ဆိုပြီး ပူပင်ကြောင့်ကြစိုးရိမ်မှုတွေနဲ့
ဟောဒိ စည်းစိမ်ဥစ္စာ ပစ္စည်း၊
သားသမီး၊ ခင် ပွန်း မယား၊
တိုက်တာ အိုးအိမ် တွေ စွန့်ရ တော့ မယ်ဆိုတော့
သောက ပရိဒေဝ ဒုက္ခ တွေနဲ့
ပူလောင် ဆင်းရဲကြရတယ်။
ရောဂါဝေဒနာကလည်း နှိပ်စက်၊
ထိုင် လည်း မသက်သာ၊
ထူပေးလို့ ထရင် လည်း မသက်သာ၊
အိပ်ရင် လည်း ဘယ်လှည့် လို့မသက်သာ၊
ညာလှည့် လို့လည်း မသက်သာ ပဲဖြစ်နေတယ်။
အဲဒိ ဒုက္ခ ဝေဒနာ တွေ ညှဉ်းဆဲလို့
ဖြစ် ရတဲ့ ဆင်းရဲ ကတစ်မျိုး၊
မိမိရဲ့ စွဲလမ်းမှု တဏှာ၊ ဥပါဒါန် တို့ရဲ့
လောင်မြိုက်မှုကြောင့် ငါ့ဘဝကို တွယ်တာ
တပ်မက်မှုတွေနဲ့ ပုထုဇဉ်တွေ သေကြရတယ်။
အရိယာတွေကြတော့ ကိုယ်လုပ်ခဲ့ပြီးသား၊
ကိုယ်ကျင့်ခဲ့ပြီးသား၊ ကိုယ်မြင်ပြီးသား တွေကို
နှလုံးသွင်းပြီးတော့ ရှုမှတ် ရင်း သေကြရတယ်။
သေခြင်းတရားကို မ ကြောက်ကြဘဲ
ပေါ်လာတဲ့ဝေဒနာတွေကိုလည်းပဲ
အရင် က တရားရှုမှတ် ဘူးတဲ့ အတွက်ကြောင့်
ရှုမှတ်စိတ်ကိုပဲ အာရုံပြုပြီးတော့
ခေါင်းကိုက်တာ၊ ခါးနာတာတွေ ကို အာရုံပြုချိန်မရဘူး။
သူ့ရဲ့ အာရုံက ပဝတ္တိဖြစ်ဆဲ ရုပ်နာမ်မှာပဲ
အာရုံ တည်ပြီး တော့
ရုပ်ဒုက္ခရော၊ ရုပ်ဒုက္ခကို မှီပြီး
ဖြစ်တဲ့ စိတ်၊ စေတသိက်၊ ဒုက္ခ တွေကလည်း
လွတ်သွားတယ်။
အဲဒိလို ဥပေက္ခာ ဝေဒနာ လေးနဲ့ပဲ သေသွားကြတယ်။
နေတတ်ဖို့ ဆိုတာမှာလည်း
သတိဆိုတဲ့ ဥာဏ်တရားက မဦးစီးရင်
မိမိ၏ ပြုလုပ်မှု၊ ပြောဆိုမှု၊ ကြံစည်မှုတွေဟာ
ဥာဏ် ဦးစီး မှု မရှိသည် ဖြစ်သောကြောင့်
ကံတွေဖြစ် သွားတယ်။
ကျွဲတို့သည် ရွှံ့နွံ၌ မွေ့လျော်ဘိသကဲ့သို့
ဟင်္သာ တို့သည် ရေကန်၌မွေ့လျော်ဘိသကဲ့သို
လင်းတ တို့သည် သားပုပ်၌ မွေ့လျော်ဘိသကဲ့သို့
ဝက်တို့သည် မစင်၌ မွေ့လျော်ဘိသကဲ့သို့
ပျားတို့သည် ပန်း၌မွေ့လျော်ဘိသကဲ့သို့
မွေ့လျော် ရာချင်း မတူကြဘူး။
ပုထုဇဉ် တို့သည်ကား သတိမကပ်သည့် အတွက်ကြောင့်
မ ကောင်းမှု အာရုံတို့၌ မွေ့လျှော်ကြ၏။
ဒီတော့ အကုသိုလ်ကံတွေ ဖြစ်လာတယ်။
အရိယာတွေကျတော့ ဖြစ်ဆဲ အာရုံတိုင်းမှာ
သတိကပ်ပြီးတော့ ရှုမှတ် နေတယ်။
ကုသိုလ်၊ အကုသိုလ် ကံတွေ
မဖြစ်အောင်နေတယ်။
ဒီတော့ နေတတ်ဖို့၊ သေတတ်ဖို့ အလွန်အ ရေးကြီးတယ်။
Credit: ဓမ္မ ဂုဏ် ရည် တ ရား တော်
No comments:
Post a Comment