Monday, July 11, 2016

" လောကသဘော (သို့) လူ့သဘာဝ "

အရမ်းလှတဲ့ 
ပန်းပွင့်ကလေးတွေ ... 
ပွင့်နေတုန်းခဏတော့ အပြိုင်အဆိုင် ဓာတ်ပုံရိုက်တဲ့သူက ရိုက်၊ 
လူနဲ့ပန်းအလှ 
တင့်တယ်သမို့ ...
ဓာတ်ပုံတွဲရိုက်တဲ့သူက တွဲရိုက်။ 

ဟော... အခုတော့ ပန်းကလေးတွေက နွမ်းလျှသွေ့ခြောက်၊ 
မြေမှာခလို့ ကြွေသွားခဲ့ပြီမို့ ... 
ပန်းပင်လေးကိုတောင်မှ 
ဓာတ်ပုံတွဲရိုက်ဖို့ နေနေသာသာ 
ဒီအတိုင်းဆို ကျက်သရေယုတ်လို့ 
အမြစ်ကနေ ဆွဲနုတ်ချင်တဲ့ 
လူ့သဘောတွေ 
သဘာဝတရားပေမို့... 
သေခြင်းကိုသာ စောင့်မျှော်ကြပေတော့ 
သစ်ပင်ငယ်လေးရေ... ။ 

(ရင်ထဲကဖြစ်ပေါ်လာတဲ့ ခံစားချက်) 

Wednesday, June 29, 2016

အဖြူရောင်သို့ လွမ်းချင်းတစ်ပုဒ်

ခွဲခွာထွက်လာ၊ မွေးရပ်မြေမှ 
နှစ်ပေါင်းလီလီ၊ ကြာညောင်းသော်လည်း 
ဘယ်သောခါမှ၊ မမေ့နိုင်ခဲ့...။ 

ငယ်ရွယ်စဉ်က၊ သွားတူ စားတူ 
ကစားလည်း တူ၊ ရန်ဖြစ်လည်း သူ 
သို့ပေမယ့်လည်း၊ အမြဲလက်တွဲ 
တွယ်တာခဲ့တဲ့၊ သူငယ်ချင်းလေး...။ 

ကျောက်းသွားကျောင်းပြန်၊ တူယှဉ်တွဲကာ 
ဗာဒံပင်ရိပ်၊ ကမ်းနားလမ်းထိပ် 
အတူထိုင်လို့၊ ငြင်းကြခုန်ကြ 
ရယ်မောရင်းနှင့်၊ ပျော်ရွှင်ခဲ့တဲ့ 
ကျောင်းတက်ကျောင်းဖော်၊ သူငယ်ချင်းလေး...။ 

ကျောင်းကြီးပြီးလို့၊ လမ်းခွဲကြလည်း 
ငိုရင်း ဆွေးရင်း၊ နုတ်ဆက်ရင်းနှင့် 
မိဘရင်ခွင်၊ ခိုဝင်လှုံကာ 
စာလေးပါးလိုက်၊ ဖြေသိမ့်လိုက်ရင်း 
သမုဒ္ဒရာ၊ ဝမ်းရေးအတွက် 
လောကဇာတ်ခုံ၊ နယ်ပယ်သစ်မှာ 
ရရာဇာတ်ရုပ်၊ ကခုန်ရင်းနဲ့ 
သောက မောဟ၊ လောဘ ဒေါသ 
စွယ်စုံရေးကာ၊ ရင်ဖွင့်ကြသည်...။ 

တစ်နယ်တစ်ကျေး၊ အနေဝေးလည်း 
မမေ့ပျောက်နိုင်၊ သက်ဆုံးထိတိုင် 
ပျော်ရွှင်ခဲ့ကြ၊ ငယ်ဘဝများ 
တွေးမိလေတိုင်း၊ ကြည်နှုးလိုက်နှင့် 
ဖန်ဖန်ဆက်ဆက်၊ မမေ့နိုင်ပြီ 
အဖြူရောင်မှ၊ သူငယ်ချင်းဆီ 
ဒီကဗျာနှင့်၊ ရင်ဖွင့်မိသည် 
ထပ်တူထပ်မျှ၊ ခံစားဖြေသိမ့် 
ကျေနပ်နိုင်စေ၊ သူငယ်ချင်းရေ...။ 

" အဖြူရောင်သို့ လွမ်းချင်းတစ်ပုဒ် " 
                                           ခိုင် (စစ်တွေ) 
                          နံနက် (၁၂:၀၅)၊ ဗုဒ္ဓဟူးနေ့
                                ဖေဖော်ဝါရီ ၅၊ ၂၀၀၃။ 

Sunday, June 19, 2016

ဘာတဲ့... " ရခိုင်မူဆလင် "

#စုကြည်မူဆလင်ဟုခေါ်ပေးပါ 
ဒါဆို ဗမာပြည်မှာရှိတဲ့ ဘင်္ဂလီ ကုလား ကို 
"ဗမာ မူဆလင်ကုလား" လို့ ခေါ်ရမှာလားဗျာ?
မူဆလင် ဆို မူဆလင် ဘင်္ဂလီ ဆို ဘင်္ဂလီပေါ့
ဘာလို့ ရခိုင်ပြည်နယ် ဆိုတာကြီးက ပါလိုက်သေးတာလဲ?
အခြားပြည်နယ်က ဘင်္ဂလီတွေ ကော ဘယ်လိုခေါ်ကြမှာလဲ?
သူတို့မကြိုက်တိုင်း အမှန်အတိုင်း မခေါ်ရဘူးဆိုရင်
တွေ့လာလိမ့်မည် တစ်နေ့ဒုက္ခကြီးကြီး
သူတို့ကတော့ မြန်မာပြည် ကုလားပြည်ဖြစ်လာမှ 
ကြိုက်မှာပဲ လိုက်လျှော့ကြပေါ့ ကုလားပြည်ဖြစ်အောင်
လူ့အခွင့်အရေးပြောကြရအောင် သူတို့က
လူဟုတ်လို့လား?
ဗုဒ္ဓစာပေအလိုကျပြောရရင်
ကုလာကုသလံ မနတိ ဇာနာတီတိ မနုေဿာ-
ကုသိုလ် အကုသိုလ် ကို ဒါက ကုသိုလ် ဒါက အကုသိုလ် လို့
ကွဲကွဲပြားပြားသိမှ လူလို့ခေါ်တယ်ဗျ ။
ကုသိုလ်ဆိုတာမသိ
အကုသိုလ်ဆိုတာမရှိ 
သူ့ဘာသာကလွဲရန် အကုန်သတ်ဖို့
စော်ကားဖို့ စိတ်ရှိသူတွေဟာ
အင်အားကြီးရာအလိုက် 
ယုတ်မာအောက်ကျတဲ့
တိရိစ္ဆာန်အဆင့်သာရှိတယ်။

မူဆလင်များကို ခွဲခြားခေါ်ဆိုတဲ့နေရာမှာ

(၁) လူမျိုးအမည်အားဖြင့် ခွဲခြားလေ့ရှိတယ်။ 
- ကာ့ဒ်မူဆလင် 
- တာ့ခ်မူဆလင်
- အာရပ်မူဆလင်
- လက်ဘနိစ်မူဆလင် 
- တာကစ်မူဆလင်
- ဝေဝူအာမူဆလင် 
- ဘင်္ဂါလီမူဆလင် စသည်အားဖြင့်၊ 

(၂) ကိုးကွယ်ရာဘာသာအားဖြင့် ခွဲခြားလေ့ရှိတယ်။ 
- ရှီးဟိုက်မူဆလင်
- ဆွန်နီမူဆလင်
- အာမက်ဒီမူဆလင် 
- ဆူဖီမူဆလင် စသည်အားဖြင့်

(၃). နေထိုင်ရာဒေသအလိုက်လည်း ခွဲခြားလေ့ရှိတယ်။ 
- အိန္ဒိယမူဆလင်
- ဆော်ဒီမူဆလင် 
- တူနီးရှားမူဆလင်
- လစ်ဗျားမူဆလင် 

(၄) လူမျိုးနှင့် နေထိုင်ရာနိုင်ငံဒေသအတူတူ မူဆလင်တွေလည်းရှိပါတယ်။ 
- ဆိုမာလီယာနိုင်ငံ - ဆိုမာလီမူဆလင်
- ပါလက်စတိုင်းနိုင်ငံ - ပါလက်စတိုင်းမူဆလင်
- မော်ရိုကိုနိုင်ငံ - မော်ရိုကန်မူဆလင်
- မလေးရှားနိုင်ငံ - မလေးမူဆလင် 

---
အားလုံးခြုံကြည့်ရင် ၁) လူမျိုးအရခွဲတယ် ၂) ဘာသာအရခွဲတယ်လို့ပဲ ယေဘုယျ သတ်မှတ်နိုင်တယ်။ 

နေရာဒေသအရ ခွဲခြားလို့ရှိရင် "ယင်းဒေသသည် ဖော်ပြပါမူဆလင်လူမျိုးများ ကြီးစိုးရာဒေသဖြစ်တယ်" လို့ သတ်မှတ်ရသွားတယ်။ 

ဥပမာ - ဝေဝူအာမူဆလင်တွေကို တရုတ်နိုင်ငံမှာ နေထိုင်ပေမယ့်လို့ တရုတ်မူဆလင်လို့ မခေါ်ဘူး တရုတ်မူဆလင်လို့ ဆိုခဲ့ရင် တရုတ်လူမျိုးတွေဟာ မူဆလင်ကိုးကွယ်ကြတယ်၊ သို့မဟုတ် တရုတ်လူမျိုးအများစုဟာ မူဆလင်ကိုးကွယ်ကြတယ်၊ သို့မဟုတ် တရုတ်နိုင်ငံ တရုတ်လူမျိုးထဲမှာ မူဆလင်ကိုးကွယ်သော လူများ အတိုင်းအတာ ကြီးကြီးမားမားရှိတယ်လို့ အဓိပ္ပါယ်သက်ရောက်တယ်။ ဒါကြောင့် တရုတ်မူဆလင်လို့ မခေါ်ပါဘူး။
ဝေဝူအာ မူဆလင် သို့မဟုတ် ဝေဝူအာအများစုရှိတဲ့ပြည်နယ်အမည်ကိုအစွဲပြုပြီး ရှင်ကျင်းန်မူဆလင်လို့ပဲ ခေါ်တယ်။ 

ထို့အတူပဲ 

ရခိုင်မူဆလင်လို့ ဆိုခဲ့လျှင် ရခိုင်လူမျိုးများသည် မူဆလင်များဖြစ်ကြတယ်၊ 
သို့မဟုတ် ရခိုင်ပြည်နယ်တွင် ရခိုင်အများစု မူဆလင်ကိုးကွယ်ကြတယ်၊ 
သို့မဟုတ် ရခိုင်ပြည်မှာ မူဆလင်ကိုးကွယ်လူစု အတိုင်းအတာ ကြီးကြီးမားမားရှိတယ်လို့ သဘောသက်ရောက်တယ်။ 

ဒါ့ကြောင့် ရခိုင်မူဆလင်ဆိုတာသည် ရက္ခိတ (အမျိုးအနွယ်ကို စောင့်ရှောက်သူ) လို့ အဓိပ္ပါယ်ရပြီး ဗုဒ္ဓဘာသာကိုသာ ကိုးကွယ်တဲ့ ရခိုင်လူမျိုးများကို စော်ကားသလို ဖြစ်နေတယ်။
ရခိုင်မူဆလင်လို့ ဆိုလိုက်ခြင်းအားဖြင့် ဘင်္ဂါလီမူဆလင်များသည် ရခိုင်လူမျိုးများလို့ သဘောသက်ရောက်သွားစေတယ်။ 
ရခိုင်လူမျိုးဟူသည် တိုင်းရင်းသား ၁၃၅ မျိုးဝင် မျိုးနွယ်စုကြီးတစ်ခုဖြစ်တာကြောင့် ရခိုင်လူမျိုးအမည်ပေါက်သွားတဲ့ ဘင်္ဂါလီမူဆလင်တွေဟာလည်း တိုင်းရင်းသားစာရင်းဝင်သွားသလို ဖြစ်နေတယ်။ 

မြန်မာအစိုးရသစ်ရဲ့ "ရခိုင်မူဆလင်" လို့ သုံးနှုန်းခြင်းအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်။ခေါ်ချင်တယ်ဆိုရင်လည်း
#စုကြည်မူဆလင်ဟုသာ ခေါ်ပါ

နိုင်ငံသိမ်းပိုက်
ကုလားအလိုလိုက်
မိစ္ဆာအစိုးရနဲ့လွဲပါစေ၊

အမှန်မကြိုက် 
ကုလားမဲကြိုက်
ကိုယ်ကျိုးရှာ အစိုးရနဲ့ဝေးပါစေ။ 

ရေးသားသူ - Metta Nwe Magadh 

Friday, May 20, 2016

အိုင်ဖုန်းနဲ့ ပတ်သတ်သမျှ...

Apple's iCloud Activation Lock ကိုကျော်လွှားနိုင်သော Tool မကြာခင်ထွက်ရှိတော့မည်။
-----------------------------------------------
iCloud Account ထည့်ထားတဲ့ ဖုန်းတွေကိုဝယ်လိုက်မိပြီ ၊ iCloud Account password မေ့သွားပြီဆိုရင် Firmware ပြန် restore လုပ်ပြီးကာစမှာအကြီးအမားဆုံးအတားအဆီးတစ်ခုဖြစ်တယ်ဆိုတာ iPhone ကိုင်တဲ့ users တော်တော်များများသိကြပါတယ်။ ဒါကိုဖြည်လို့မရတာတော့မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လပိုင်းတွေကလည်း ဒါကို ဈေးကြီးကြီးနဲ့ ဖြည်ပေးနေတာတွေတွေ့ရပါသေးတယ်။ ယခုတော့ထင်ရှားတဲ့ iO researcher and hacker ၂ ဦးဖြစ်တဲ့ AquaXetine နဲ့ MerrukTechnolog တို့ နှစ်ဦးပူးပေါင်းပြီး doulCi လို့ခေါ်တဲ့ Apple's iCloud activation Bypass Server ကိုတီထွင်လိုက်ပါပြီ ။ iCloud ကိုကျော်နိုင်တဲ့ explorit ကိုရှာဖွေတွေ့ရှိပြီး ငါးလကျော်ခန့် စမ်းသပ်ပြီးအောင်မြင်မှုရခဲ့တယ်လို့ဆိုပါတယ်။ doulCi ကို iPad နဲ့ iPhone 4S တွေမှာလည်းအသုံးပြုနိုင်ပြီး iPhone 5,5S နဲ့ 5C တွေမှာတော့ beta အဆင့်စမ်းသပ်အနေနဲ့သာအသုံးပြုနိုင်မှာဖြစ်ပါတယ်။ doulCi လို့ခေါ်တဲ့ Server ကိုအသုံးပြုဖို့အတွက် ကွန်ပျူတာထဲက host file မှာ code တစ်ကြောင်းလေးထည့်သွင်းပေးလိုက်ရုံပဲဖြစ်ပါတယ်။ Hacker ၂ ဦးကတော့ ဒီ code ၂ ကြောင်းကို "Magic Line" လို့တင်စားသုံးနှုန်းထားပါတယ်။ ယင်း code တစ်ကြောင်းထည့်သွင်းပြီးပြီဆိုရင်တော့ သင့်ဖုန်းကို USB ကြိုးအသုံးပြု၍ ကွန်ပျူတာနဲ့ချိတ်ဆက်ထားဖို့ပဲလိုတော့မှာပါ။ မကြာခင် users တွေအသုံးပြုနိုင်တော့မယ်လို့သိရပါတယ်။ iCloud မိနေတဲ့ users တွေအဆင်ပြေတော့မယ့်အချိန်ကိုရောက်ရှိလာတော့မှာပါ။ အားလုံးပဲအဆင်ပြေကြပါစေ။

www.applemyanmar.net/2014/05/apples-icloud-activation-lock-tool.html

Thet Naing Soe (Myanmar Mobile App Store)
https://www.facebook.com/thetnaing.mmas?ref=tn_tnmn

Thursday, April 28, 2016

ဗိုင်းရပ်စ်

ကိုယ်သုံးနေတဲ့ Facebook အကောင့်မှာ
Sex Virus ဝင်ရောက်ကူးစက်ခံရပါက
-------

-Facebookအသုံးပြုတဲ့တချို့user account
တွေမှာဆိုရင် Porn virus ကူးစက်ခံရပြီးတော့
sexy postတွေအဖြစ်နဲ့အဲ့ဒိအကောင့်န်ဟာမိမိရဲ့
friendsတွေ၊မိမိဝင်ထားတဲ့groupတွေထဲကို
pornographic video ဖိုင်တွေအဖြစ်၊
အဲ့ဒိvirusအဖြစ်နဲ့ဖန်တီးထားတဲ့videoဖိုင်တွေဟာ
virus automatically attache ဖြစ်ကာ၊မိမိ
မတင်ပဲနဲ့အလိုအလျောက်sharedမိခြင်း၊status
ပို့စ်တင်မိခြင်း၊မိမိဝင်ထားတဲ့groupတွေpageတွေ
ရဲ့commentတွေထဲမှာလည်းဝင်၍shareမိခြင်း၊
များစတာတွေဖြစ်ပေါ်စေပြီး circulating ပုံစံနဲ့
အဲ့ဒိ pornographic videoဖိုင်တွေဟာ
အဆင့်ဆင့်ပျံ့နှံ့သွားစေနိုင်ပါတယ်-

-အဲ့ဒိလိုမျိုးvirusအကူးစက်မခံရစေဖို့အတွက်
facebookအသုံးပြုသူဟာfbပေါ်မှာတွေ့တဲ့
sexy videoများ၊မသင်္ကာဖွယ်ရာလို့ယူဆရတဲ့
လင့်ခ်နဲ့ပုံများ၊applicationများ၊ဥပမာ-
" 'watch this video if you're curious'
မင်းထူးဆန်းတာတွေ့ချင်ရင်ဒီဗွီဒီယိုကိုကြည့်ပါ
ဒီလင့်ခ်ကိုနှိပ်ပြီးsingupလုပ်ရင်likeအများကြီး
ရမယ်၊အထူးအဆန်းတွေ့မယ်၊ဘာရမယ်ညာရမယ်
စသဖြင့်၊မက်လုံးပေးတဲ့စာနဲ့အတူvideo၊photo၊
apk၊files၊fake websiteများ၊စတဲ့ကိုယ်နဲ့
ရင်းနှီးအကျွမ်းတဝင်မရှိတဲ့လင့်ခ်များကိုနှိပ်မဝင်မိ
စေဖို့နဲ့လင့်ခ်ရဲ့URL infoတွေကိုလည်း
သတိထားဂရုပြုရမှာဖြစ်ပါတယ်-

-တကယ်လို့virusမိထားလို့မိမိအကောင့်န်ကို
infected ဖြစ်နေခဲ့ရင်အောက်ကအဆင့်အတိုင်း
ပြုလုပ်ဆောင်ရွက်ခြင်းဖြင့်ကာကွယ်နိုင်ပါတယ်-

၁။မိမိfbအကောင့်န်ကိုloginဝင်၍news feeds
ရောက်ရင်အပေါ်ကမျဉ်းသုံးကြောင်းပုံနဲ့menu tab
နေရာကိုနှိပ်ပါ။

၂။Acconut Settingsနေရာကိုနှိပ်ဝင်လိုက်ပါ။

၃။Privacy ထဲကိုထပ်နှိပ်ဝင်ပါ။

၎။ပြီးရင်အောက်ဆုံးကစာကြောင်းဖြစ်တဲ့
Do you want other search engines to
link to your timeline?
ဆိုတဲ့စာကြောင်းပါတဲ့boxအကွက်နေရာလေးကို
နှိပ်ဝင်လိုက်ပါ။

၅။ပြီးရင်နောက်တမျက်နှာမှာအောက်ဆုံးနားက
Let other search engines link to
your timeline စာသားဘေးနားကအမှန်ခြစ်ကို
နှိပ်ပြီး၊ဖြုတ်လိုက်ပါ။

၆။နောက်တမျက်ရောက်ရင်
Are you sure you want to disable
public search စာသားအောက်မှာတွေ့တဲ့
အပြာရောင်buttonနဲ့Confirmစာသားနေရာ
ကိုထပ်နှိပ်ပေးလိုက်ပါ။ပြီးရင်backတချက်ပြန်
ဆုတ်လိုက်ပါ။

၇။Do you want other search engines to
link to your timeline? ဆိုတဲ့နေရာမှာ
No ဆိုပြီးတော့ဖြစ်နေရပါမယ်။backပြန်ထွက်ပါ။

၈။Account Settings နေရာကိုတခါထပ်ဝင်ပါ။

၉။နောက်တမျက်နှာရောက်ရင်ကိုးခုမြောက်နေရာက
Apps နေရာကိုနှိပ်ပြီးဝင်လိုက်ပါ။

၁၀။အပေါ်ဆုံးကLogged in with Facebook
ဆိုတဲ့နေရာကိုနှိပ်ဝင်လိုက်ပါ။

၁၁။အဲ့ဒိမှာကိုယ်အသုံးမပြုတဲ့၊ကိုယ်နဲ့မရင်းနှီးတဲ့၊
မသင်္ကာဖွယ်ရာယူဆရတဲ့apkများကိုဖျက်ထုတ်ပါ။
ကိုယ်ဖျက်ထုတ်မယ့်apkကိုရွေးနှိပ်လိုက်ပါ။

၁၂။အောက်ဆုံးကRemove appနေရာကိုနှိပ်ပါ။

၁၃။Removeနေရာကိုထပ်နှိပ်ပေးလိုက်ပါ။ပြီးရင်
အခြားကိုယ်မသုံးတဲ့၊ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့
appများကိုလည်း၊ထိုနည်းအတိုင်းremoveလုပ်၍
ဖယ်ရှားပစ်ပါ။

၁၄။မိမိအကောင့်န်ကနေတဆင့်အလိုအလျောက်
auto spamပုံစံဖြစ်ပြီးstatusတင်မိတာ၊tag
တွဲမိတာ၊groupတွေpageတွေမှာpostတင်၊
commentရေးမိတာမျိုးတွေ၊
virus automatically attacheဖြစ်နေတာမျိုး
တွေရှိ/မရှိ၊ဖြစ်မဖြစ်၊ပြန်လည်စိစစ်ဖို့အတွက်

-Activity Log စာသားနေရာကိုနှိပ်ဝင်ပါ။

၁၅။အဲ့ဒိactivity logနေရာမှာမိမိပြုလုပ်ခဲ့တဲ့
postတွေ၊tagတွေ၊commentတွေshare၊
like စတာတွေတွေ့မြင်ရပါမယ်။
အပေါ်ကfilter နေရာကိုနှိပ်ပြီးတော့လည်း
ကဏ္ဍတစ်ခုခြင်းစီအလိုက် post၊photo၊tag၊
group၊comment၊စသဖြင့်ကဏ္ဍအလိုက်
သီးသန့်ခွဲထုတ်၍ကဏ္ဍတစ်ခုခြင်းစီမှာတွေ့ရတဲ့
sexy virusနဲ့ပက်သက်တဲ့လင့်ခ်တွေ၊postတွေ၊
commentတွေ၊tagတွေကိုdeleteလုပ်၍
ဖျက်ထုတ်ပေးပါ။ဒါဆိုfacebook virusကူးစက်ခံရ
ခြင်းမှလွတ်မြောက်နိုင်ပြီလို့ယူဆရမှာပဲဖြစ်ပါတယ်။

-တကယ်လို့မိမိဟာvirusလင့်ခ်တစ်ခုခုကိုနှိပ်မိ၍
ဖန်တီးထားတဲ့fake websiteတစ်ခုခုထဲသို့ဝင်
ရောက်မိပြီး၊သူတို့fakeလုပ်ထားတဲ့web page
မှာfbအကောင့်န်ကိုloginဝင်ခဲ့မိလို့မိမိအကောင့်န်
လုံခြုံရေးအတွက်သံသယတစ်စုံတရာရှိခဲ့ပါက..........

-မိမိfacebook passwordကိုချိန်းလိုက်ပါ။

-ပြီးရင်facebookလုပ်ထားတဲ့gmailကိုပြန်ချိန်းပါ။

-facebookလုပ်တဲ့gmailကိုဖုန်းနံပါတ်ထား၍
အနည်းဆုံး2stepခံထားပေးပါ။

-fb infoထဲဝင်၍fbလုပ်ထားတဲ့mailကိုhideလုပ်ပါ။

-facebookကိုဖုန်းနံပါတ်ခံ၍loggin approvals
codesခံထားပေးပြီးonထားလိုက်ပါ။
fbအကောင့်န်ကိုloginဝင်တိုင်းfbကsmsကို
loggin approvals codeကုဒ်ပို့ပေးမယ့်စနစ်
ဖြစ်ပါတယ်။(Account Settingsထဲဝင်၊Security
ထဲဝင်၍၊Logging Approvals Onနေရာအမှတ်
ခြစ်၍လက်ရှိသုံးနေတဲ့ဖုန်းနံပါတ်ခံကာOnပေးထား
ရမှာဖြစ်ပါတယ်။)

-ပြီးတော့ 3 trusted friendsနည်းကိုသုံးပြီး
မိမိရဲ့အရင်းနှီးဆုံး၊onlineပေါ်မှာအရှိနိုင်ဆုံး
သူငယ်ချင်းfriendsသုံးယောက်ကိုinviteလုပ်ထား
သင့်ပါတယ်။(မိမိအကောင့်န်hackedခံရပါက
၎င်းသူငယ်ချင်းသုံးယောက်နာမည်ကိုရွေးပေးခြင်း
ဖြင့်fbမှပို့တဲ့confirm codeကို၊friendsသုံးယောက်ဆီမှပြန်လည်တောင်းယူပြီးမိမိအကောင့်န်
ကိုconfirmလုပ်၍ပြန်လည်logginဝင်ရောက်
အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကိုဇော်သွင်(နည်းပညာ)

Friday, April 15, 2016

Aik Sai ရဲ့ ဆန်းစစ်မှု...

ANP နဲ့ NLD ကြား ဖြစ်ပျက်နေတာတွေ ကြားနေရတာ စိတ်မကောင်းပါဘူး ....... ANP အနေနဲ့လည်း မိမိကံကြမ္မာမိမိဖန်တီးနိုင်စွမ်း Indeterminism အပြဌာန်းခံဝါဒကို အခြေအနေတစ်ခုအရ တောင်းဆိုလာတာကို ကိုရွှေဒီမိုတို့ အနေနဲ့လည်း အာဏာမက်တယ် အာဏာရူးတယ်လို့ ဝေဖန်မထုတ်ဖော်သင့်ဘူး ....... ပိုဆိုးလာဖို့ပဲရှိတယ်။

ဖြစ်နေတဲ့ ပြသာနာ ကိုယ့်အမြင်နဲ့ ပြောရရင် အချက်(၄)ချက်တွေ့တယ်....
(၁) ဆက်ဆံရေး ကျဲပါးမှု၊ ပြတ်တောက်မှု (Communication breakdown) 
(၂) ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောထားမတိုက်ဆိုင်မှု (Personality clashes)
(၃)  လုပ်ပိုင်ခွင့်အာဏာအပေါ်အသုံးချခြင်းနှင့် အခြေအနေအနေအထားတွေ ကွာခြားမှု (institutional Power & status differences)
(၄) ရည်မှန်းချက် ပန်းတိုင် မတူညီမှု (Goal differences) တို့ပဲဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ANP အနေနဲ့ ၀င်ပြိုင်ခဲ့တာကို NLD အနေနဲ့ သဘောကျပုံမရခဲ့သလို ၂၀၁၂ ရခိုင်ပဋိပက္ခမှာလည်း NLD နဲ့ ရခိုင်ပြည်နယ် အသိုင်းအ၀ိုင်းဟာ တစတစ ခွာပြဲလာတယ်လို့ထင်ရပါတယ် ဒါပေမဲ့ ဒါဟာ တစ်ဖက်နဲ့ တစ်ဖက် အားစမ်းတဲ့ အနေအထား Skirmishes အခြေအနေပဲရှိခဲ့ပါသေးတယ် .... ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က NLD နဲ့ ANP ပူးပေါင်းဆောင်ရွက်ကြတယ်လို့ ထင်ရတဲ့ အရိပ်အယောင်တွေတွေ့ခဲ့ရပြီး တိုင်းရင်းသားဒေသတွေအတွက် Indeterminism အပြဌာန်းခံဝါဒပေးမယ်ဆိုတဲ့ အယောင်ပြ သတင်းများစွာ ထွက်ပေါ်လာခဲ့တယ် ..... NLD အနေနဲ့ ဖြစ်ပျက်လာတဲ့ Issue အကုန်ကို ကတိတစ်ခုပေးပြီး မလုပ်နိုင်တာကိုတွေ့ရတယ် .... ဘာလို့လဲ တစ်ဘက်က ဘုံရန်သူ စစ်အစိုးရရဲ့ မလိမ့်တပတ် ကြံကုန် ဥာဏ်ကုန် ထုတ်သုံးပြီး တစ်မျိုးပြီး တစ်မျိုး တက်လာတဲ့ ခေါင်းစဉ်အောက်မှာ NLD အနေနဲ့ နောက်ယိုင်မသွားဖို့ နည်းလမ်းမျိုးစုံနဲ့ Defense လုပ်လာခဲ့ရတယ် .... ဘုံရန်သူကို ဦးတည်နေချိန်မှာ ဘက်စုံ ဟန်ချက်ညီဖို့ NLD မလုပ်နိုင်ခဲ့ဘူးဆိုတာ ၀န်ခံရမယ် KIA TNLA MNDAA ၂၀၁၂ ရခိုင် ပဋိပက္ခ စတာတွေကို ထိပ်တိုက်မတွေ့ခဲ့ပဲ ခေါင်းရှောင်နေသလို နေခဲ့တဲ့ ယနေ့ NLD ဟာ ယခုလို ANP နဲ့ ထိပ်တိုက်တွေ့ဆုံမှု အငြင်းပွားမှု Confrontation ဖြစ်လာတယ်ဆိုတာပဲ .... လက်ရှိ အနေအထားအရ NLD ဟာ တိုင်းရင်းသား ပါတီတွေနဲ့ Full Scale War မဖြစ်ဖို့ Third Party အဖွဲ့အစည်ုးတွေကို အားကိုးရမယ် တွေ့ဆုံရမယ် ညှိနှိုင်းရမယ် ဒါပေမဲ့ ဘာကြောင့် NLD ဟာ တရုတ်နဲ့ နီးကပ်နေတဲ့ အဖွဲ့အစည်းတွေကို လိုလိုလားလားဆက်ဆံချင်စိတ်ဘာကြောင့်မရှိတာလဲ.... ဘာကြောင့်လဲ.... ကိုရွှေဒီမိုတို့ရဲ့ လက်ကိုင်လက်နက်က တရုတ်ကို ဦးတည်ပြီး စစ်အစိုးရကို ဖြိုချင်တာ လူထု ထောက်ခံလာမှုတွေကို ပိုမို မျှော်လင့်တာကြောင့်ရယ်..... ဘာလုပ်သင့်လဲ ရခိုင်ကို ဖျောင်းဖြလို့ရမယ့် ရှမ်းမြောက်က  KIA UWSA ခေါင်းဆောင်တွေရဲ့ အရှိန်အ၀ါကို သုံးပြီး ချွေးသိပ်ရမယ် ... တစ်ဖက်က SNLD ပါတီက ဦးခွန်ထွန်းဦး RCSS နဲ့ ရှမ်းအသိုင်းအ၀ိုင်းကို ဘယ်လို ချွေးသိပ်မလဲ၊ ရှမ်းနီနဲ့ KIA ကိစ္စကိုကော ခေါင်းထဲ ပြသာာနာထဲ NLD အနေနဲ့ ထည့်ခဲ့ဘူးလား........စတဲ့ မေးရမယ့် Question တွေအများကြီးဖြစ်ခဲ့တယ်........ 

NLD ရဲ့ အဓိက Goal က တိုင်းပြည်အပြောင်းအလဲဖြစ်ဖို့ အာဏာရအစိုးရအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းနိုင်ဖို့ Time to change vote ဖြင့်အောင်မြင်ခဲ့သော်လည်း...... အမှန်တစ်ကယ်ဖြစ်ရမှာက Flexible change ပြသာာနာပေါင်းစုံကို Issue လုပ် ခေါင်းတည် လက်တွဲခေါ်ရမယ့် NLD မျိုးဖြစ်ခဲ့ရင် လက်ကိုင်စကားဖြစ်တဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး Reconciliation ကို မလွဲမသွေ ဖမ်းဆုပ်နိုင်မှာဖြစ်ပါတယ်.......

ထင်တာမြင်တာ ရေးထားတာပါ။
Aik Sai

မေတ္တာဟူသည်...

_/\_ *** _/\_ *** _/\_
၁။ လုံးစုံများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။