#ဒါတွေကိုသင်သိသလား ?
************************
ကျနော်တို့ပြည်သူ့ပါတီ NLD-သည် ၇၅% နိုင်သည်ထားအုံး...
ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ကြေငြာမှု့သည် လည်းမပြီးသေး ..
ပြီးသည့်တိုင်အောင်လည်းအတည်မဖြစ်သေးပါ ..
အဘယ်ကြောင့်ဆိုသော် ကော်မရှင်မှ အကုန်ကြေငြာပြီးနောက်တွင် အနိုင်ရသည့်ပါတီကိုယ်စားလှယ်အား ရှုံးနိမ့်သည့်ပါတီကိုယ်စားလှယ်မှ၂ပါတ်အတွင်းကန့်ကွက်လွှာတင်သွင်းခွင့် ရှိသော ကြောင့်ပင်ဖြစ်သည်။
အဆိုပါကန့်ကွက်လွှာအားတရားရုံးတွင်deposit ၅ သိန်း တင်ကာထုချေရှင်းလင်းရန် ၄၅ရက်အချိန်ပေးထားပြန်ပါသည်။
ထိုdeposit-၅သိန်းတင်ကာတရားရုံးတွင်ကန့်ကွက်သူသည်ရှုံးပါကတပြားမှပြန်မရတော့ချေ။
ထို့ကြောင့် ပထမ ၂ ပါတ် ၁၄ရက်နှင့် တရားရုံးအမှု့ဆိုင်ခြင်း ၄၅ ရက် ပေါင်းပါက ၅၉ ရက် ၂လနီးပါးစောင့်ရပေအုန်းမည် ။
ထို ၅၉ရက်အတွင်းမည်သည့်အကြောင်းပြချက်ဖြင့်အနိုင်ရNLDကိုယ်စားလှယ်ကိုရွေးကော်ဥက္ကဌ မှ ဖြုတ်ချအုန်းမည်မသိနိုင် သေး။
ရွေးကော်မှအကြောင်းပြချက်အမျိုးမျိုးဖြင့်ဖြုတ်ချပြီး ကျန်သည့် ကိုယ်စားလှယ်အားလုံးမှ လွှတ်တော်တွင်ကျမ်းကျိန်ကာတရားဝင်ပြန်တမ်းထွက်လာပြီး အစိုးရ ဖွဲ့နိုင်သည့် အမတ်အရေအတွက်အနည်းဆုံး ၃၃၃ဦး ပြည့်မှအစိုးရဖွဲ့နိုင်ပေလိမ့်မည်ဖြစ်သည်။
ထိုအချက်ကိုကောင်းစွာ သဘောပေါက်ထား
သောလူထုခေါင်းဆောင်မှ ( ကျ မ တို့ ၁၀၀%
နိုင်ချင်သည်)ဟုအမြဲပြောနေခြင်းပင်ဖြစ်သည်။
#ပြည်သူ့လွှတ်တော်တွင်မြို့နယ် ၃၃၀ ရှိ၍ အမတ်ဦးရေ ၃၃ဝ ဦးရှိရမည် ။
#အမျိုးသားလွှတ်တော်တွင်တိုင်းနဲ့ပြည်နယ် #၁၄ ခုရှိသောကြောင့် ၁၄ ကို ၁၂ နဲ့မြှောက်ထားသဖြင့် ၁၆၈ ဦးရှိကာ ၃၃၀+၁၆၈=၄၉၈ ဦးရှိရမည်။
#ထို၄၉၈ဦးသည်ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ပြီး ၇၅% ပင်ဖြစ်သည်။
စစ်တပ်မှ ၂၅% သည် ၁၆၆ ဦးပါဝင်သဖြင့်
ပြည်ထောင်စုလွှတ်တော်တွင် စုစုပေါင်း ၆၆၄ဦး ရှိလေသည်။
ထိုပြည်ထောင်စုလွှတ်တော်ရှိစုစုပေါင်းအမတ်ဦးရေ ၆၆၄ ဦးအား ၄ ပုံ ပုံကာ ၄နှင့်စားပါက စစ်သားအမတ် ၁၆၆ ဦး ရသဖြင့် ထိုစစ်သားအမတ် များကို ၂၅% အစိတ်သား ဟုခေါ်ဆိုခြင်းပင်ဖြစ်လေသည်။
ထိုစုစုပေါင်း ၆၆၄ဦးကို တဝက်ခွဲပါက ၃၃၂ဦး
အဖြေထွက်သောကြောင့် ၃၃၂+၁= ၃၃၃ ဦးရေသည်အစိုးရဖွဲ့နိုင်သောအမတ်အရေအတွက်ဖြစ်သည်။
၎င်းအပြင်ရွေးကောက်ပွဲမကျင်းပနိုင်သေးသောနေရာ ၄၄ နေရာ ကျန်ရှိနေသေးသည်။
#အပျော်မလွန်ကြနဲ့အုန်း
******************
အနိုင်ရပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို
ပြည်တွင်း/ ပြည်ပသတင်းဌာနတွေက အင်တာဗျူးသည့်အခါမိမိပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှညွှန်ကြားထားသည့်အတိုင်းသတိဖြင့်ပြောဆိုနေထိုင်ရန်လွန်စွာအရေးကြီးသည့်အချိန်ဖြစ်သည်ကိုမမေ့သင့်လှပေ။
ယခု ရွေးကောက်ပွဲနိုင်ခြင်းသည် NLD- ပါတီ
ကိုယ်စားလှယ်ကို မဲ ပေးခြင်းမဟုတ်ပဲ ပါတီ
ခေါင်းဆောင် လူထုခေါင်းဆောင်ကို မဲပေးခြင်း
ဖြစ်သည်ကိုNLD- ကိုယ်စားလှယ်လောင်းများ
အားကျနော်သတိပေးလိုပါသည်။
အမေစုအားကြည်ညိုလေးစားချစ်ခင်သော
ပြည်သူလူထုအားလုံးမှလဲ အစိုးရမဖွဲ့မှီ ၃ လအတွင်းသတိဝိရိယဖြင့်ပြောဆိုနေထိုင်ရန်လည်းလိုအပ်ပါသည်။
အမေစုခေါင်းဆောင်သောဒီမိုကရေစီအစိုးရတရပ်ပေါ်ထွန်းလာပြီးနောက်ပြည်သူလူထုအားလုံးသည်လည်းအလုပ်အကိုင်အခွင့်အလန်းများနှင့်တကွညီမျှသောဥပဒေအကာအကွယ်တို့ကို ရရှိခံစားရမည်မှာမလွဲဧကံဖြစ်သလို့
ကျနော်တို့ပြည်သူလူထုကြီးမှလည်းဒီမိုကရေစီနိုင်ငံကြီးသားများပီသရန်ကျနော်တို့စိတ်သဏ္ဍာန်တွင်ရှိနေသောအကျင့်ဆိုးအကျင့်ပျက်တွေကိုပြုပြင်ရန်လဲ လိုအပ်ပါလိမ့်မည်။
Aung Kaung Htet
No comments:
Post a Comment