ပန်းပွင့်ကလေးတွေ ...
ပွင့်နေတုန်းခဏတော့ အပြိုင်အဆိုင် ဓာတ်ပုံရိုက်တဲ့သူက ရိုက်၊
လူနဲ့ပန်းအလှ
တင့်တယ်သမို့ ...
ဓာတ်ပုံတွဲရိုက်တဲ့သူက တွဲရိုက်။
ဟော... အခုတော့ ပန်းကလေးတွေက နွမ်းလျှသွေ့ခြောက်၊
မြေမှာခလို့ ကြွေသွားခဲ့ပြီမို့ ...
ပန်းပင်လေးကိုတောင်မှ
ဓာတ်ပုံတွဲရိုက်ဖို့ နေနေသာသာ
ဒီအတိုင်းဆို ကျက်သရေယုတ်လို့
အမြစ်ကနေ ဆွဲနုတ်ချင်တဲ့
လူ့သဘောတွေ
သဘာဝတရားပေမို့...
သေခြင်းကိုသာ စောင့်မျှော်ကြပေတော့
သစ်ပင်ငယ်လေးရေ... ။