တစ်နေ့တစ်နေ့သူ့မှာ အဲဒီဆားထုတ်ကို စောင့်ကြည့်ရတာနဲ့ကို နားချိန်မချိန်ပါဘူး။
အဲဒီဆားထုတ်ကို ဘယ်သူများ ခိုးယူသွားမလဲ... ၊ ငှက်တွေ၊ ကျီးတွေများ ထိုးသုတ်သွားမလား... ၊ ကျားတွေ၊ သစ်တွေများ အစာအမှတ်နဲ့ ဆွဲသွားလေမှာလား။
အဲဒီလို စိုးရိမ်စိတ်တွေများစွာနဲ့ အချိန်များစွာကုန်လွန်လာခဲ့တယ်။
ဒီလိုနဲ့ တစ်နေ့ကျတော့ သူ့မှာအကြံတစ်ခုရလာခဲ့တယ်။ ဒီဆားထုတ်ကို ဘယ်သူမှမမြင်ရအောင် ဖွက်ထားလိုက်တယ်။ ဖွက်ထားတဲ့နေရာကလည်း သူကလွဲပြီး ဘယ်သူမှမသိကြဘူး။ ပြီးတော့ အဲဒီဖွက်ထားတဲ့နေရာကို နေ့စဉ်နေ့တိုင်း သူဘဲသွားသွားချောင်းကြည့်တတ်တယ်။ တစ်နေရာမှာ ဖွက်ထားလိုက်တယ်။ သူသွားချောင်းကြည့်တော့ တွေ့ပြန်တယ်။ အခြားနေရာသစ်တခုမှာ ပြောင်းပြီးဖွက်ပြန်တယ်။ ချောင်းကြည့်တဲ့အချိန်မှာ ပြန်တွေ့တော့ အခြားနေရာသစ်မှာ ဖွက်ပြန်တယ်။ ဒီလိုနဲ့အချိန်တွေကြာလာပြန်တော့ သူ့မှာအကြံတခု ထပ်ပြီးရလာခဲ့တယ်။
ဒီဆားထုတ်ကို နေ့တိုင်းသွားချောင်းကြည့်တော့ အမြဲတမ်းတွေ့နေရတယ်ဆိုတော့ တခြားလူတွေ ဒီဆားထုတ်ကိုတွေ့သွားရင် ဒုက္ခဘဲလို့ စိုးရိမ်ပူပန်လာတယ်။
ဒီတော့ သူ့ရဲ့အကြံဉာဏ်ကို အကောင်းဆုံးဖြစ်အောင် ဖန်တီးလိုက်တယ်။
အဲဒါကတော့ သူရော၊ တခြားလူတွေပါ မမြင်ရလေအောင် ဆားထုတ်လေးကို ရေထဲမှာဘဲ ဖွတ်ထားလိုက်ဖို့ ဆုံးဖြတ်လိုက်လေတော့သတည်း။ ။
ပုံပြင်လေးက ဒါပါဘဲကွယ်...။