Thursday, June 11, 2015

တပတ်ပြည့်မြောက် ဟယ်ရီလင်းခိုင်...

သားလေး "ဟယ်ရီလင်းခိုင်"ရဲ့ ပထမတပတ်ပြည့် အမှတ်တရဓါတ်ပုံလေးပါ... ။

Wednesday, June 3, 2015

လာခြင်းကောင်းပါစေ...

          ဒီနေ့တတိယမြောက်ခလေးမွေးမယ့်နေ့(သို့) Harrylinn Khine လို့နာမည်ပေးထားတဲ့ ခလေးလေးတယောက် ကျွန်တော်တို့မိသားစုထဲကို ဝင်ရောက်လာမယ့်နေ့တနေ့ပေါ့... 
              ဘယ်လိုပုံစံမျိုးနဲ့ ရောက်လာမယ်လို့ ခန့်မှန်းလို့မရသလို၊ အကောင်းဆုံးကိုလည်း မျှော်လင့်ထားပါတယ်။ 



Tuesday, June 2, 2015

ပျော်စရာကောင်းသော နေ့ရက်များ...

တခါတလေ စိတ်ပြေလက်ပျောက် ပျော်ပွဲစားတွေထွက်ဖြစ်ကြပါတယ်... 
အထူးသဖြင့်မိသားစုအားလုံးအစုံအညီနဲ့ပေါ့နော်။ 
    အခုလိုမျိုးပျော်ပွဲစားတွေ အမြဲတမ်းထွက်ဖြစ်ကြတာမဟုတ်ပါဘူး... 
အားလပ်ရက်တွေကြုံမှ၊ မိတ်ဆွေသူငယ်ချင်းတွေ အလုပ်အားလပ်ရက်တွေကြုံမှ သွားဖြစ်ကြတာပါ။ 
ပျော်ဖို့လည်း အရမ်းကောင်းပါတယ်... 
မိသားစုတွေလည်း ဆုံကြရတယ်... 
ခလေးတွေလည်း ပျော်ပျော်ရွှင်ရွှင်ဘဲ ပြေးလွှားခုန်ပေါက်ဆော့ကစားကြရတယ်... 
မိတ်ဆွေသူငယ်ချင်းတွေနဲ့လည်း စကားတွေ၊ အတွေ့အကြုံတွေ ပြောပြရင်းနဲ့ ဗဟုသုတတွေ ဖလှယ်ကြတယ်... 
အိမ်လုပ် စားသောက်စရာတွေ ယူဆောင်လာပြီးတော့ တအိမ်တမျိုးမရိုးနိုင်အောင် စားသောက်ကြ၊ ဟာသလေးတွေပြောပြီး ရယ်ကြ၊ ဟားကြ ကြည်နှုးကြရတယ်။ 
ဘယ်လောက် ပျော်စရာကောင်းသလဲ... 
ဘယ်လောက် ကြည်နှုးစရာကောင်းသလဲ... 
ဒါပေမယ့် စည်းကမ်းရှိကြတယ်၊ စည်းရုံးကြတယ်၊ စုပေါင်းညီညွတ်ကြတယ်။ 
အရက် မသောက်ဘူး... 
ဘီယာ မသောက်ဘူး... 
တယောက်နဲ့တယောက် မသင့်မြတ်တဲ့စကားတွေကို မပြောကြဘူး...။